''ဒီမှာ..ကောင်လေး..လူနာကဆေးအရမ်းများပြီး..ခုလိုဖြစ်သွားရတာပဲ။
နောက်ထပ်တစ်ခါ ဒီလိုထပ်မဖြစ်ပါစေနဲ့
ဒီတခါဆိုရင် အသက်ပါဆုံးရှုံးသွားလိမ့်မယ်။
အခုတော့ ဆရာတို့ဘက်ကလည်း အစွမ်းကုန်ကြိုးစားကုသပေးထါးတယ်။
မကြာခင်တော့ လူနာသတိရကောင်းရနိုင်တယ် စိတ်ရှည်ရှည်နဲ့စောင့်ပေးပါ။''

လွန်းဆေးရုံတင်တဲ့သတင်းကြားကြားခြင်းပဲ ဒေါ်မေထား ဆေးရုံကြီးကိုလိုက်လာပါတော့တယ်။

''သုတ..သားငယ် သားအကိုရဲ့အခြေအနေ
မာမီသိချင်တယ် မြန်မြန်ရှာပေးစမ်းပါ.ဘယ်အခန်းမှာလဲဆိုတာ။''

''ဟုတ်ကဲ့...မာမီ သားရှာပေးပါ့မယ် မာမီဒီမှာ ခဏစောင့်နော်။''

သုတ ဆေးကောင်တာမှာ စားရင်းကိုင်
Nurse မလေးဆီမှ လွန်းခေတ်ဆိုတဲ့လူနာရဲ့အခန်း နံပါတ်ကိုရှာဖွေခိုင်းပြီး..
ခဏအကြာတော့.. 'မောင်လေး လွန်းခေတ်ဆိုတဲ့လူနာရဲ့အခန်းနံပါတ်က..×××××..''

''ဟုတ်ကဲ့..ကျေးဇူးပဲနော်..
ခွင့်ပြုပါအုံး..''

''မာမီ..ကိုကိုက အပေါ်ကအခန်းမှာ..သားနဲ့လိုက်ခဲ့နော်။''

သားမိနှစ်ယောက် လွန်းရှိရာ အခန်းလေးဆီသို့ မပြေးရုံတစ်မယ်..ခြေလှမ်းခဲ့မိပြန်တယ်။

အခန်းတံခါးဖွင့်တာနဲ့..ကုတင်ပေါ် အသက်ရှူပိုက်တွေ ဆေးသွင်းထားတဲ့လက်ကဒဏ်ရာတွေ ဒါတွေကိုမြင်ပြီး
ဒေါ်မေထား..စစ်မဟာကို သူမလက်နဲ့ထုရိုက်ပါလေးရော..
''မင်းကြောင့် ငါ့သားလေးခုလိုဖြစ်ရတာ..
မင်းကြောင့်..ငါ့သားလေးခုလိုဖြစ်ရတာ..
မင်းက မကောင်းဆိုးဝါးကောင်ပဲ။
ထွက်သွား... ငါတောင်မင်းကိုဒီလောက်မုန်းတာ ငါ့သားလေးဆိုရင် မင်းပေါ်ဒီထက်မကမုန်းမှာပဲ..သိထား။''

''မာမီ..တော်ပါတော့ဗျာ..ကိုကိုကြားသွားပါအုံးမယ်။''

''ကျွန်တော်တောင်းပန်ပါတယ် အန်တီ..မရည်ရွယ်ပါဘူး။''

''ဘာမရည်ရွယ်ပါဘူး.ဟုတ်လား..
မင်းမရည်ရွယ်ပေလို့ပဲ..ရည်ရွယ်ခဲ့ရင်ငါ့သားလေးအသက်တောင်ရှိပါ့မလားမသိဘူး။
အို ဘာမှမရှင်းပြနဲ့ မင်းထွက်သွားပါ..
ဒီအခန်းထဲက လေထုတခုတည်းအသက်ရှူနေရတာ ငါမုန်းလွန်းလို့။''

Silent  Crying book(1) (Completed) book2(ongoing) Where stories live. Discover now