တဖက်ကလည်း မဖြစ်မနေ လာဖို့ခေါ်နေပြီး တဖက်ကလည်း သူ့ကိစ္စတွေကို မဖျက်နိုင်ပေ။ ဒီလိုမျိုး အနေအထားက တင်းနေလျက်။

"မင်းမအားဘူးဆိုတာက ဟိုကောင်လေး သဏ္ဍာန်ဆန်းဆိုတဲ့ တစ်ယောက်ကြောင့်မဟုတ်လား ..."

ဖေဖေ့ဆီကနေ ဆန်းနာမည်ကို ကြားလိုက်ရတော့ လူက ကားကိုမှီ၍ ရပ်နေရာကနေ ခပ်မတ်မတ် ပြင်ရပ်လိုက်ရသည် အထိ။

"ဖေဖေ သူ့ကို ဘယ်လိုသိတာလဲ ..."

"မင်းသိချင်ရင် ငါ့ဆီကိုလာလိုက် ...မင်းမလာရင် အဲ့ဒီ့ကောင်လေးနဲ့ မင်းနေနေတဲ့ ‌အိမ်ကို ငါလာတွေ့ရလိမ့်မယ် ..."

ဒီလိုတော့ မဖြစ်ပါ။ ဘာအကြောင်းကြောင့်မှန်း မသိရသေးဘဲနဲ့တော့ ဖေဖေနဲ့ ဆန်းကို ပေးမတွေ့နိုင်ပေ။

"ကျွန်တော်အခု ကျောင်းမှာ... အခုချက်ချင်း ဖေဖေ့ဆီကို ကျွန်တော် လာတွေ့မယ် ..."

"ကောင်းပြီ ...ငါစောင့်နေမယ် ..."

ဖုန်းကိုချလိုက်ပြီးနောက် လူကပျာနေလေပြီ။ ကားတံခါးကို ပြေးဖွင့်မိ၏။ ပြီးမှ ဆန်းဆီကို ဖုန်းဆက်ဖို့ သတိရသွားပြီး ကားထဲမဝင်ဖြစ်သေးဘဲနဲ့ ဖုန်းခေါ်တဲ့ဆီကို ရောက်သွားရသည်။

"ဟဲလို ဆန်း ...မင်းအိမ်ကို ကိုယ့်ဘာသာပဲ ပြန်လိုက်တော့နော် ..."

"ဘာလို့လဲ ..."

"ငါ အရေးကြီး ကိစ္စရှိလို့ တနေရာ သွားရဦးမယ် ..."

"နေ့လည်စာကရော ..."

"ချက်ထားလိုက်လေ ငါပြန်လာစားမှာပါ ..."

"အင်း အင်း ..."

အင်းလုပ်၍ ဆန်းက ဖုန်းချဖို့ ပြင်နေလေသည်။ ဖုန်းမချရသေးခင်မှာ မိုင်းက ...

"သဏ္ဍာန်ဆန်း ..."

"ဟင် ဘာလဲ ..."

"ချစ်တယ် မင်းကို ..."

"ဘာထကြောင်ပြန်ပြီလဲ ..."

ပြောဆို၍ ဖုန်းကို ချပစ်လိုက်သော သဏ္ဍာန်ဆန်း။ မိုင်းမှာတော့ ဖုန်းချလိုက်ပြီးနောက် မပြုံးနိုင်ပါ။ ဒီတစ်ခါ သူသက်သက်မဲ့ စနောက်လိုက်တာတော့ မဟုတ်။ တစ်ခုခု ဖြစ်လာတော့မည်ကို ကြိုသိနေပြီမို့ ချစ်တယ်ပြော၍ အားယူလိုက်မိတာမျိုး။

သဏ္ဍာန်ဆန်းWhere stories live. Discover now