"ကိုကိုနော်..ကျွန်တော့်ကို မသနားဘူးလားဟင်"

"သနားတာက သနားတယ်။ပြီးရင် မောင့်ကို
အပြစ်ပေးမှာ ရန်ဖြစ်လာလို့။ဒေါ်ဒေါ်တို့သာ
သိရင် ဘယ်လောက်စိတ်ပူလိုက်မလဲ။
တကယ်ကို လိမ္မာမနေဘူး။ဆေးရုံရောက်
အောင်ပါ ချခဲ့တယ်ဆိုပဲ၊ဂုဏ်တောင်ယူ
နေသေးတယ်။အံ့ဩပကွာ"

ကိုကိုကဆူတော့ မောင်က တပြုံးပြုံးနှင့်
ထိုင်ကြည့်သည်။ဆက်ပဲဆူရမလို ရပ်ပဲရပ်
ရမလိုနှင့် ကိုကို့မှာ အိုးတိုးအမ်းတမ်း ရှက်မိ
တာလည်းဖြစ်သည်။

"ကိုကို"

"ဘာလဲ"

"အချုပ်ခန်းထဲ နေခဲ့ရတဲ့အကြောင်းပြောပြမယ်။
ဒါပေမဲ့ တစ်ခုတော့ရှိတယ်၊ကျွန်တော်ရန်ဖြစ်
တယ်ဆိုတာ သူတို့ဘက်ကရန်လာစလို့။
ကျွန်တော့်ဘက်က ရန်သွားစတာမဟုတ်ဘူးနော်"

"မောင့်ဘက်က မစလည်း မောင်ကရှောင်ထွက်
တတ်ရမယ်လေကွာ"

​"ဟုတ်ပါပြီဗျာ။ကျွန်တော်ပြောပြမယ်နော်"

"နေဦး။မောင်က အချုပ်ခန်းထဲက
အကြောင်းကို တော်တော်လေးပြောပြချင်
တာမလား။ဒါကြောင့် မတ်တတ်လေးအရင်
ရပ်လိုက်"

"ဟင် ဒီတိုင်းထိုင်ပြီးပြောလည်းရတယ်လေ
ကိုကိုရဲ့"

"ရပ်မှာလား မရပ်ဘူးလား"

ကိုကိုက မျက်နှာတည်နှင့်ပြောတော့
မောင့်မှာ မတ်တတ်ရပ်ရှာသည်။
ကိုကိုက မျက်နှာတည်ထားတော့ မောင့်မှာ
မနေတတ်။မျက်နှာတည်တည်ကြီးနဲ့ကျတော့
လည်း ကိုကိုက ခန့်ချောကြီး။
မောင်က သူ့အတွေးနဲ့သူ ထရယ်ပစ်တော့
ကိုကို အသံစူးစူးကထွက်သည်။

"ဘာရယ်စရာပါလို့လဲ"

"မဟုတ်ပါဘူး ကိုကိုရယ်။
ကျွန်တော်မတ်တတ်ရပ် ပြီးပြီနော်
ပြောပြလို့ရပြီလား"

"မရသေးဘူး လက်ပိုက်ဖို့ကျန်သေးတယ်၊
အဲ့လက်ပိုက်ပြီးရင်စပြောတော့"

"ကိုကိုနောက်နေတာလားဟင်"

ကိုကိုက မျက်မှောင်ကြုတ်ကြည့်လာတော့
မောင့်မှာမျက်နှာပိုးသတ်ရသည်။

ချစ်ရပါသောမောင် (ချစ်ရပါသောမောင် ){Completed}Where stories live. Discover now