"ကိုကို မငိုနဲ့လေ"

"မင်းမျက်နှာကိုလည်း မှန်ထဲပြန်ကြည့်ဦး။
ဘာလို့ရန်ဖြစ်တာလဲ။ဟမ် သော်ယံမောင်
ငါမေးနေတယ်လေ"

"ရန်ဖြစ်လာတာ။ဒါ အသေးအဖွဲလေးပါကိုကိုရာ"

မောင်က ပြောတယ် ဒါကအသေးအဖွဲ။
ဒီလူက ငိုမိတော့ ဆန်းဆန်းပြားပြားများ
ဖြစ်သွားသလား။ဒီလောက် ဒဏ်ရာတွေရလာ
တာတောင် အသေးအဖွဲလေးပါလို့ ပြောနေ
သေးတော့ သော်ယံမောင့်ခေါင်းကို ခပ်နာနာ
ခေါက်ချပစ်သည်။

"အဲ့မှာ အသေးအဖွဲလို့ပြောချင်ဦး"

"နာလိုက်တာ ကိုကိုကလည်း။
ကျွန်တော်ပြောတာကိုယုံ။အရင်ကဆို
ခေါင်းကွဲရင်ကွဲ၊မကွဲရင် လက်ကျိုးပဲ ဟဲဟဲ။
ဒီတစ်ပွဲမှာ ကျွန်တော်ကပဲ ဟိုဘက်ကအကောင်
တွေကို ဆေးရုံရောက်အောင်ပါချလာခဲ့တာ
တော်တယ်မလားဟင် ကိုကို"

"ကိုကို..ကျွန်တော် တော်တယ်မလားလို့"

သူ့ကိုယ်သူဂုဏ်ယူနေတော့ မောင့်ကိုလည်း
ဘာပြန်ပြောရမှန်းပင် မသိတော့။မောင်က တကယ့်အဆိုးလေးမှန်း အခုမှသိသည်။
အရင်က ဘယ်လောက်တောင် ဆိုးခဲ့သေးလဲ
ဆိုတာလည်း ခန့်မှန်းမိသည်။

"မောင်က ခဏခဏရန်ဖြစ်တတ်တာလား"

"ဖြစ်တာပေါ့ သူတို့ကရန်လာစတာကို
ကျွန်တော်က ငြိမ်ခံရမှာလား။အိမ်ရောက်ရင် သေချာပြောပြမယ်။အချုပ်ထဲမှာတစ်ညအိပ်
ခဲ့ရတဲ့ အကြောင်းရော"

"အေး..အေးပါကွာ"

ကိုကို့မှာ အိမ်ပြန်ရောက်တဲ့အထိ မောင့်မျက်နှာ
ကိုပဲ ကြည့်လာမိသည်။ငါကသာစိတ်ပူနေတာ
မောင်ကတော့ ပွဲတော်တက်ခဲ့ရသလိုမျိုး
ပျော်နေတာဖြစ်သည်။ဘယ်လို ကောင်လေး
ကိုများ ချစ်မိခဲ့ပါလိမ့်။အင်းလေ မောင်က
ချစ်လည်း ချစ်ချင်စရာလေးကို။

အိမ်ကိုရောက်တော့ မောင့်ဒဏ်ရာတွေကို
လည်း ဆေးထည့်ပေးရသည်။နာလို့ အော်ရှာ
တော့ သနားလည်း သနားမိ၊စိတ်လည်း ဆိုးမိသည်။

"အား.. အရမ်းကြီးမလုပ်နဲ့လေ နာတယ်"

"နာရင် အောင့်သာခံ။ဖြစ်တုန်းကဖြစ်ပြီးတော့
ခံလိုက်"

ချစ်ရပါသောမောင် (ချစ်ရပါသောမောင် ){Completed}Where stories live. Discover now