အပိုင်း ၁၀

Start from the beginning
                                    

"မဟုတ်တာမောင်ရယ်... သည်လိုမတွေးပါနဲ့။ကျွန်တော်တို့အားလုံး ပေါ့ဆခဲ့ကြတာပါ မောင့်အပြစ်ချည်းမဟုတ်လို့ ကိုယ့်ကိုကိုယ်အပြစ်မတင်ပါနဲ့... မောင်ကသားအတွက် အကောင်းဆုံးဆိုတာတွေပဲ ပေးချင်ခဲ့တယ်ဆိုတာ ကျွန်တော်တို့အားလုံးသိပါတယ်"

"သားမှမသိဘဲလေ... သားဟာမောင့်ကို ဘာကြောင့်သူစိမ်းဆန်နေရသလဲလို့ မောင်အမြဲတွေးမိတယ်။တကယ်တမ်းဖြင့် သူစိမ်းဆန်ရုံမက မုန်းပါမုန်းနေသင့်တာ"

"သားဟာမောင့်ကို ဘယ်လောက်သဘောကျသလဲ မောင်သိရဲ့သားနဲ့... ကျွန်တော်တို့မယ် ပြင်ဆင်ဖို့အချိန်တွေ အများကြီးရှိပါသေးတယ် မောင်ရယ်။ခုကစပြီး နည်းနည်းချင်းစီ သားနဲ့ရင်းနှီးကြည့်ရအောင်လား။သားဟာ ကျန်းကျန်းမာမာနဲ့ အချစ်ခံရပြီး ပျော်ပျော်ရွှင်ရွင် ကြီးပြင်းလာအောင် ကျွန်တော်တို့အတူတူ ပျိုးထောင်ကြမယ်လေ...။ဟင်..."

မောင်ဟာ မိုမို့စကားကြောင့် အားကိုးရာတွေ့သွားသည့် ကလေးနှယ်အသွင် ကြည့်လာခဲ့၏။ထို့နောက်မိုမို့ကိုယ်လေးမှာ သန်မာလှသည့် လက်မောင်းကြီးနှစ်ဖက်၏ ပွေ့ဖက်အောက် ရောက်သွားခဲ့ပြီး ခပ်တိုးတိုးစကားစုလေးတစ်ခု ရေရွတ်သံကို ကြားလိုက်ရသည်။

"မောင့်မှာ...မင်းပဲရှိတော့တယ် အချစ်ရယ်..."တဲ့။

_________

နောက်နေ့မနက် ဆေးရုံသို့သွားကာ နုဒါလင်းမောင်လေးအား တစ်ကိုယ်လုံး စစ်ဆေးလေသည်။ဆေးစစ်ချက်မှာ ဆရာဝန်ကြီးခန့်မှန်းထားသည့်အတိုင်း အနည်းငယ်တောင်မှမလွဲ။သို့သော်ရောဂါများမှာ သက်တမ်းနုသေးသဖြင့် အဆုတ်ရောင်ရောဂါအတွက်သာ သောက်ဆေးပေးလိုက်ပြီး လေးဘက်နာအတွက်မူ တောင်သံကြီးစသောဆေးမြစ်များပါဝင်သည့် တိုင်းရင်းဆေးရည်ပုလင်းသာပေးလိုက်၏။

ထိုနေ့ည၌ နုဒါလင်းမောင်လေးအား မိုမိုတို့အခန်း၌ခေါ်သိပ်ခဲ့ရာ မောင်ရောမိုမိုပါ တညလုံးမအိပ်နိုင်ကြ။ဆေးအရှိန်ကြောင့်တအီအီနှင့် ညည်းနေကာ ဒဏ်များကလည်း နာသည်ထင်၏။ခပ်တင်းတင်းပွေ့ဖက်လျှင်ပင် နုဒါလေးမှာ ကြောက်လန့်တကြား ရုန်းတတ်၏။သား၏ ထိုပုံစံလေးအားမြင်လေ ဆောက်တည်ရာမရဖြစ်လေဖြစ်နေသော မောင့်ပုံစံအားကြည့်ကာ မိုမို့မှာမနေသာ။ကုတင်ဘေးငုတ်တုတ်ထိုင်ရင်း ခြေလက်များနာသဖြင့် ညည်းနေသောနုဒါလေးအား သနပ်ခါးများများပါသောဆေးပူလူးကာ အညာစောင်ပါးလေးအုပ်ထားပြီး နှိပ်ပေးရ၏။ထိုအခါမှသာ နုဒါလေးမှာ နှစ်နှစ်ချုက်ချိုက်အိပ်ပျော်တော့သဖြင့် မောင်လည်းသားဘေးနား ဝင်လှဲကာ ခဏတဖြုတ်နားခွင့်ရတော့သည်။

My excellent husband (Uni+Zaw) CompleteWhere stories live. Discover now