အပိုင်း - ၃၈ (Zawgyi + Unicode)

Start from the beginning
                                    

ဦးသာ ဘယ်မှာရှိမှန်း လေးငယ်မသိဘူးဆိုတာ ဘယ်နည်းနဲ့မှမဖြစ်နိုင်ပါ ။ တကယ်သာ မသိခဲ့ရိုးမှန်ရင် မေရော လေးငယ်ပါ ဒီလိုသွေးအေးအေးနဲ့ နေနိုင်ကြမတဲ့လား ။ ဦးသာကို အပူတပြင်းတွေရှာပြီး သွေးတက်နေလောက်ရောပေါ့ ။ ချမ်းကို စိတ်ဆိုးပြီး တမင်မပြောဘဲထားတာပဲနေမှာပါ ။

အင်း အဲ့လိုပဲ ဖြစ်မှာပါနော် ။ ဒီ ၉ ရက်အတွင်း နေ့ချင်းညချင်းကြီးတော့ ဦးသာက ကနေဒါကို ပြန်မသွားလောက်ဘူးမဟုတ်လား ။

တွေးရင်းနဲ့ တကယ်များပြန်သွားရင်ဆိုပြီး ရင်ထဲခြောက်ခြားလာရသည် ။

အဲ့လိုတော့ မဖြစ်ပါစေနဲ့ အရှင်ဘုရား ။

တကယ်တော့ ကိုယ့်အပြစ်နဲ့ကိုယ် ဦးသာကိုမျက်နှာချင်းမဆိုင်ရဲသေးသည့်တိုင် အဝေးကနေဖြစ်ဖြစ်လှမ်းမြင်ချင်လွန်းလို့ လေးငယ်ကားမောင်းသွားလေရာနောက်ကို တိတ်တိတ်လေးခိုးပြီး လိုက်ချောင်းမိသေးသည် ။ ချမ်းကားနဲ့လိုက်ချောင်းလျှင် လေးငယ်သိသွားမှာစိုးတာကြောင့် ရတုကားကိုငှါးပြီးတောင် လိုက်ချောင်းခဲ့ရတာ ။ ဒါပေမယ့်လည်း ဘာမှမထူးပါ ။

လေးငယ်က သူ့အလုပ်နဲ့အိမ်နဲ့ကိုပဲ အသွားအပြန်လုပ်ကာ ပုံမှန်အတိုင်းပင်ရှိနေသည် ။ ထွက်သွားတဲ့ဦးသာကို အိမ်ပြန်ခေါ်ဖို့ လေးငယ်ကတစ်ကယ်ပဲ မကြိုးစားတော့ဘူးလားမသိချေ ။ ဒါမှမဟုတ် ဦးသာကိုယ်တိုင်က ချမ်းအပေါ်စိတ်နာသွားပြီး လေးငယ်တို့ကိုပါ အဆက်အသွယ်ဖြတ်လိုက်လေသလား ။

အဲ့လိုတွေးမိတော့လည်း ဝမ်းနည်းစိတ်နဲ့မျက်ရည်ဝဲလာမိသည် ။

ဖုန်း vibrate သံကြောင့် အတွေးစတို့ကို ဖြတ်ရင်း

" အေး ရတု ပြော "

" အောင်စာရင်းတွေကပ်နေပြီ ချမ်းရ ၊ မင်းမလာသေးဘူးလား "

" ဟေ ဟုတ်လား ၊ ဒါဆို ငါအခုထွက်လာခဲ့မယ် "

" မြန်မြန်လာ ၊ ဒီမှာ ထက်ကိုလည်းရောက်နေပြီ "

" မင်းတို့ရော ကြည့်ပြီးကြပြီလား "

" မကြည့်ရသေးဘူးကွ ၊ လူတွေက အုံနေတာ တိုးလို့မရသေးဘူး "

" အေး အေး ဒါဆို ငါလာပြီ "

အသကျဆကျ သှေး ( အသက်ဆက် သွေး )Completed Where stories live. Discover now