စားပွဲပေါ်က နာရီကိုကြည့်မိပြန်တော့ နေ့လယ် အချိန်ကို ဦးညွှန်လျှက်ရှိ..'မဖြစ်သေးပါဘူး..'

''လွန်း...လွန်း...လွန်းရေ..
ထတော့လေကွာ..နေ့လယ်ရောက်နေပြီနော်..အိပ်ချင်သေးရင် နောက်မှပြန်အိပ်..
ခုတော့ အစားလေးတော့ ထစားပါအုံးကွာ။''

''ဟင့်အင်း..လွန်းရဲ့ခေါင်းကြီးက ဘီးလူးလေးကောင်လောက် တက်ဖိထားသလိုပဲ
မထူနိုင်ဘူးဖြစ်နေတယ်။''

''လွန်းခေါင်းမထူနိုင်ရင် ကိုယ်ရေချိုးပေးမယ် ဘယ်လိုလဲ..ပြော..''

''ဟာဗျာ..ကိုယ်ဘာသာပဲ ချိုးမှာပေါ့..
ကျွန်တော် ကလေးမဟုတ်တော့ဘူး။''

''အဲ့ဒါဆိုရင် မျက်နှာသစ်ပြီး အောက်ထပ်ဆင်းလာခဲ့..ကိုယ်စောင့်နေမယ် ဟုတ်ပြီလား။''

''အင်း.. အင်းပြီးရော..လာခဲ့မယ်။''

အိပ်နေတဲ့ကောင်လေးကို တမင်နိုးအောင်
ရေချိုးပေးမယ်ပြောခဲ့တဲ့အတွက်...သူ့ကိုယ်သူ ရှက်ရှက်နဲ့သာပိုင်မှူးဆက်

'ငါလွန်းကို ဘာတွေပြောခဲ့မိပါလိမ့်'
ပါးစပ်က
ထင်မှတ်မထားတဲ့ စကားလုံးတွေထွက်သွားမိတာမို့

'ဟာ..ငါတော့မပြောသင့်တာပြောမိသွားပုံပဲ။'

'အဲ့ဒါကလေ ငါက ဟာမသိတော့ဘူးကွာ.'
လူပျိုကြီး.. ရှက်သွားပြီ😝😝

လွန်းခေါင်းကိုမနည်းထူကာ ရေချိုးခန်းထဲ ဝင်သွားပါရဲ့..
မျက်နှာအရင်သစ်ပြီး..နောက်တော့ ရေပါတခါတည်းချိုးပစ်ခဲ့သေး။
ရေချိုးပြီးလို့ ...ပိုင်မှူးရဲ့အခန်းထဲ သူနဲ့တော်မဲ့ အင်ကျီတစ်ထည်ရှာဝတ်ကာ ဒူးကျ
ဘောင်းဘီတို ရှာဝတ်ခဲ့ပြီး အိမ်အောက်ထပ်ကို ဆင်းလာခဲ့တယ်။

ရေချိုးပြီးကာစဆိုတော့ လွန်းရဲ့ဆံနွယ်တွေမှာ ရေစက်လေးများ တွဲခိုကနေပြန်တယ်။
''ဟောကြည့်..ခေါင်းကိုရေမသုတ်ပြန်ဘူး။''

ပိုင်မှူးရဲ့ စကားကြောင့် ကော်ဖီသောက်နေတဲ့ လွန်းထံမှ..''ဘာဖြစ်ရပြန်ပြီလဲ။''

''ကိုယ့်နားကို လာခဲ့..ရေသုတ်ပေးမယ်
လွန်းရဲ့..ခေါင်းကရေတွေနဲ့ နောက်ထပ်ဖျားနေမှာစိုးလို့။''

Silent  Crying book(1) (Completed) book2(ongoing) Where stories live. Discover now