မောင် စကားသံရဲ့အဆုံးမှာ အသံတို့က
တိမ်ဝင်သွားသည်။မောင်ကိုယ်တိုင်လည်း
မျက်ရည်ဝဲလာတာပင်ဖြစ်မည်။
မောင့်ကို ဘာမှပြန်မပြောဘဲ ကိုကိုက
မျက်နှာလွှဲသည်။ကိုကို့လက်ကို ကိုင်လာရင်း
မောင်က ကိုကို့အရှေ့မှာဒူးတစ်ဖက်ကို
ထောက်ထိုင်သည်။မောင်ဘာလုပ်နေသလဲ
ဆိုတာ ကိုကိုလည်း နားမလည်။

"ဘာလုပ်တာလဲ"

"မွေးနေ့မှာ ပျော်ရွှင်နေပါ။
ကျွန်တော့်ကိုစိတ်မဆိုးပါနဲ့..နော်"

အဖြူရောင်ဘူးကိုဖွင့်သည်။
အထဲမှာ အညိုရောင်ကတ္တီပါ ကြိုးနှင့်
နာရီတစ်လုံး။နာရီပေးရခြင်းရည်ရွယ်ချက်က
စက္ကန့်တိုင်းမှာ ကိုကိုက မောင့်ကိုသတိရနေ
စေချင်တာပင်။

"ကျွန်တော်ပတ်ပေးမယ်နော် ကိုကို"

ကိုကို့ဘက်မှ စကားသံတို့ထွက်မလာသေး။
မောင်ကလက်ဆောင်ပါပေးလာတော့
ကိုကို့မှာဘာပြောရမှန်းလည်းမသိ။

"မောင်သိလားဟင် ငါ့မိဘပေးခဲ့တဲ့နောက်ဆုံး
လက်ဆောင်က နာရီတစ်လုံးလေ"

"ကျွန်တော့်ပေးတဲ့ နာရီကိုပတ်ထားရမယ်နော်။
ကိုကို့မိဘတွေ ပေးထားတဲ့နာရီကိုလည်း
တစ်လှည့်ဝတ်ပေါ့"

ဘယ်ဘက်လက်ကောက်ဝတ်ပေါ်မှာ
မောင် ကိုယ်တိုင်ဝတ်ပေးသည့် နာရီက
ထင်ထင်ရှားရှားရှိသည်။မောင်က ခဏဆို
သလို ကိုကို့ ပါးကိုနမ်းလိုက်တာလည်း
ဖြစ်သည်။မောင့်စိတ်ကို ဘယ်လိုမှန်းစရ
မလဲဆိုတာ မသိ။အစ်ကိုဆိုတဲ့ အကြောင်း
ပြချက်နဲ့တော့ မောင်နမ်းမှာလည်း မဟုတ်
လောက်​။

"စိတ်မဆိုးနဲ့တော့ ကိုကို"

"ဟင့်အင်း စိတ်ဆိုးနေသေးတယ်"

​မောင်က သက်ပြင်းချကာ ခေါင်းတညိတ်
ညိတ်ဖြစ်သည်။အသည်းယားအောင်လုပ်ပြ
နေသလိုပင်။လူမှာဖြင့် စိတ်ဆိုးပြေမိသွား
မှာလည်း စိုးရသည်။

"အင်း ဟုတ်ပြီ။စိတ်ဆိုးနေသေးလည်းရတယ်။ဒါပေမဲ့ စကားလေးတော့ပြန်ပြောပေးနော်"

"အင်း ဘုရားလိုက်ပို့ပေး။မူယာဘုရားမှာစောင့်
နေလိမ့်မယ်"

ချစ်ရပါသောမောင် (ချစ်ရပါသောမောင် ){Completed}Where stories live. Discover now