အပိုင်း၃၂

Start from the beginning
                                    

"မဟုတ်ဘူးလေကွာ... မင်းဟာက စိတ်ကူးယဉ်ဆန်နေတယ်၊ ငါပြောတာက လက်တွေ့ဘဝရဲ့ ပန်းတိုင်ကို ပြောတာ၊ လူငယ်တစ်ယောက်မှာ အနာဂတ်အတွက် အိပ်မက်တစ်ခု ရှိကိုရှိသင့်တယ်လေ"

အံ့မဟော်သည် ဆုံးမဩဝါဒ အခြွေခံရတော့မည်ကို သိနေသည့်အလား သူ့စကားကို လေးလေးနက်နက် နားထောင်လာ၏။ ထိုအနှီကောင်လေး၏ ပြောင်းလဲမှုတွေထဲမှ ထိုအချက်သည် လင်းသန့်မောင်အတွက် အလွန်ဝမ်းမြောက်စေသည်။

"လူရယ်လို့ ဖြစ်လာရင် ရည်မှန်းချက်ဆိုတာ ရှိရတယ်၊ ဆားမပါတဲ့ ဟင်းတစ်ခွက်ဟာ လျှာပေါ်မှာ အရသာမရှိသလို ရည်မှန်းချက်မရှိတဲ့ လူဆိုတာလည်း လူ့ပတ်ဝန်းကျင်မှာ ခပ်ပေါ့ပေါ့ လူစားမျိုးပဲ ဖြစ်နေမှာ၊ ဆယ်တန်းအောင်ပြီး တက္ကသိုလ်ဆက်မတက်ရင် မင်းကြိုးစားခဲ့သမျှ အလကားဖြစ်သွားမှာပေါ့"

"ရည်မှန်းချက်ဆိုတာက ပညာရေးနဲ့ပဲ သက်ဆိုင်တာလား၊ ဝါသနာကို အခြေခံပြီး ရည်မှန်းချက်ကို မွေးမြူရတာ မဟုတ်ဘူးလား၊ မဆိုင်လိုက်တာ ကိုလင်းရာ..."

"ဘာလို့မဆိုင်ရမှာလဲကွ၊ အတန်းပညာဆိုတာ ဘဝမှာ အရေးပါတဲ့ တစ်စိတ်တစ်ပိုင်းပဲလေ၊ ကုလားထိုင်တစ်လုံးက ခြေတစ်ဖက် နဲ့နေရင် အဲဒီကုလားထိုင်မှာ ဘယ်သူမှ လာထိုင်မှာမဟုတ်ဘူး"

"ကိုလင်းပြောတာက ပညာရေးနယ်ပယ်မှာ မထူးချွန်တာနဲ့ အဲဒီလူက ဘယ်နေရာမှာမှ အသုံးမဝင်တော့ဘူးလား၊ ဒါဆိုရင်တော့ အဲဒီကုလားထိုင်ကို ကျွန်တော် ရိုက်ချိုးပစ်လိုက်မိမယ်ထင်တယ်"

"ငါပြောတာကို မင်းသဘောမပေါက်သေးဘူးပဲ၊ တစ်ထောင်တန်ချင်းတော့ အတူတူပဲ... ဒါပေမဲ့ တစ်ရွက်က အစွန်းအထင်းတွေနဲ့ ခပ်နွမ်းနွမ်းဖြစ်နေမယ်၊ ကျန်တဲ့တစ်ရွက်ကတော့ ခပ်လတ်လတ် အသစ်ကျပ်ချွတ် တစ်ထောင်တန်လေးပေါ့၊ တန်ဖိုးချင်းတူပေမဲ့ လူတွေက ဘယ်တစ်ရွက်ကို ရွေးမယ်ထင်လဲ၊ ပညာဂုဏ်ရဲ့ အရေးပါမှုဆိုတာ အဲ့တာပဲ အံ့မဟော်၊ မင်းရွေးချယ်ရမှာက ကုလားထိုင်ကို ရိုက်ချိုးပစ်ဖို့ မဟုတ်ဘူး၊ ယိုင်နဲ့နေတဲ့ ခြေတစ်ဖက်ကို ပြန်ပြီးခိုင်ခံ့အောင် ဘယ်လိုတည်ဆောက်ရမလဲဆိုတာပဲ"

ရင်ကွဲငှက်ငယ်Where stories live. Discover now