"အခုgroup projectမှာကျွန်တော်အပါအဝင်
ငါးယောက်ရှိတယ်"

"အော် ငါလှဲပြီးနားထောင်လို့ရတယ်မလား"

"ရတာပေါ့ဗျာ"

အရုပ်ကို ပိုက်ထားလျက်နှင့် မောင့်ခေါင်းအုံး
ပေါ်သို့ လှဲချဖြစ်သည်။မောင်ရဲ့အငွေ့အသက်
ရှိနေတဲ့ အရာဝတ္ထုတွေကိုကအစ ထိတွေ့ခွင့်
ရရင်တောင် ငါက ကျေနပ်နေရတာမို့
ပျော်မိတာပါပဲ။

"အဲ့group project မှာဘာတွေလုပ်ရတာလဲ"

"ကျွန်တော်တို့ construction မှာဆို
Roleတွေရှိတယ်၊Archi,Structure,
Health and Safety,QS,PM.ကျွန်တော်တို့
group မှာ တစ်ယောက်ကို roleတစ်ခုစီတာဝန်
ယူထားရတာ။QSကအိမ်မှာ အသုံးပြုမဲ့ materialsတွေ labor တွေဘယ်လောက်
ကုန်မယ် budgetဘယ်လောက် ကုန်မလဲ
ဆိုတာကိုတွက်ပေးတာ"

"Structureက column size တွေ beam size
တွေတွက်တာ။Health and safety engineer
က  လုပ်ငန်းခွင်အစကနေအဆုံးထိ ထိခိုက်
မှုမရှိအောင်တာဝန်ယူတာ။
PM (project manager) က Projectအစကနေအဆုံးထိ scheduleဆွဲတာ။သူ့မှာတာဝန်အရှိဆုံးပဲ"

မောင်က ပြောပြနေရင်း ကိုကို့ဘက်သို့ ပြန်
ကြည့်မိတော့ အိပ်ပျော်နေသည်။

"ဟော..ကိုကိုက အိပ်ပျော်နေပြီ"

ပြောလည်းပြော ထလည်းထသွားရင်းနှင့်
ကုတင်ပေါ်သို့ ဝင်ထိုင်သူက မောင်ပင်။
လက်က ကိုကို့ပါးပေါ်သို့ အလိုအလျောက်
အုပ်ကိုင်ထားမိတာလည်းဖြစ်သည်။
တစ်ခြမ်းစောင်းအိပ်နေသည်ကြောင့်
နှုတ်ခမ်းက စူထွက်ချင်နေတာလည်းဖြစ်သည်။

"မောင် ငါဒီမှာပဲအိပ်မယ်နော်"

မပွင့်တပွင့်နှင့် မျက်လုံးတို့ဖွင့်ကြည့်လာကာ
ပြောပြီးနောက် ပြန်အိပ်ပျော်သည်။
စောင်ကိုသေချာခြုံပေးဖြစ်ပြီး မောင်ကပါ
ကိုကို့ဘေးတွင် ဝင်အိပ်ဖြစ်သည်။

"Good Night ကိုကို"

မဆီမဆိုင် ကိုကို့နဖူးသို့ နမ်းလိုက်မိသေးသည်။
ကိုကိုသာသိခဲ့ရင် မိုးရေထဲပြေးထွက်ပြီး ကခုန်
နေမလား။ကိုကို့ကို အနောက်မှသိုင်းဖက်ထား
ရင်း မောင့်မျက်လုံးတွေလည်း မှေးဆင်းကျသည်။

                        ************

ငိုရှိုက်သံ တိုးလျလျတို့က ညအလယ်မှာ
ရှိုက်သဲ့သဲ့ကလေး ထွက်ပေါ်သည်။
ဘယ်အချိန်ထဲက ရင်ခွင်ထဲရောက်နေမှန်း
မသိတဲ့ ကိုကို့ဆီမှကြားနေရတာမျိုးလည်းဖြစ်သည်။ကိုကိုငိုနေတာလား၊ယောင်ယမ်း
လို့များလား။စိုးရိမ်စိတ်အဟုန်တို့ဖြင့်
မျက်လုံးကို ဆတ်ခနဲဖွင့်ကာ ကပျာကယာ
ကြည့်မိသည်။

ချစ်ရပါသောမောင် (ချစ်ရပါသောမောင် ){Completed}Where stories live. Discover now