"အပိုလုပ်နေတာမှ မဟုတ်တာ ...ခရီးကနေ ပြန်လာတာလေ အခုမှ ... လန်းလန်းဆန်းဆန်းလေး ဖြစ်သွားအောင်လို့ ရေချိုးရင်းနဲ့ relax လုပ်မလို့လေ ...အဲ့ဒီ့ အနံ့ပါတဲ့ candle လေးတွေက စိတ်ပင်ပန်းလူပင်ပန်း ဖြစ်နေတာတွေကို သက်သာစေတယ်..."

"အဲ့ဒါဆိုရင် ငါရေချိုးကန်ထဲကို နှင်းဆီပန်းတွေ နွားနို့တွေပါ ထည့်ပေးရဦးမလား ပိုပြီး relax ဖြစ်သွားအောင်လို့ ..."

"အေး ကောင်းသားပဲ ရှိရင် ထည့်လိုက်လေ ..."

တစ်ယောက်က တမင်ရွဲ့ပြောနေသည်။ နောက်တစ်ယောက်ကလည်း သိသိနဲ့ ပြန်ရွဲ့လာ၏။

"စေတနာပျက်အောင် တအားလုပ်တဲ့ကောင် ..."

မျက်နှာက စူပုပ်နေပေမယ့်လည်း လက်ကတော့ လုပ်လက်စအလုပ်ကို ဆက်၍ လုပ်နေပါသည်။ ဆပ်ပြာအမြှပ်တွေ အတန်အသင့် ရသွားတော့ ...

"ရပြီ ရေလာချိုးတော့ မင်း ..."

လက်ကို ဆေးကြောကာ ဆန်းက ရေချိုးခန်းထဲက ထွက်လာလေသည်။

"ငါအတွက်ပဲ လုပ်ပေးနေတယ် ...မင်းရော ရေမချိုးဘူးလား ..."

"ချိုးမယ်လေ နောက်မှ ... မင်းကိစ္စပြီးမှပေါ့ ..."

"အာ အလုပ်ရှုပ်တာပေါ့ တစ်ခါထဲ ငါနဲ့လာချိုးလိုက်လေ ...အတူတူချိုးကြမယ် ...မင်းလည်း ပင်ပန်းလာတာပဲ... ဒီအမွှေးနံ့သာတွေနဲ့  ကောင်းကောင်းအနားယူပြီး ရေချိုးသင့်တယ် ..."

"တော်စမ်းပါ ကိုယ့်ဘာသာချိုး ...ငါကဘာလို့ မင်းနဲ့ အတူတူ ရေချိုးရမှာလဲ ...ချိုးစရာလား..."

"အချိန်ကုန် လူမပင်ပန်းအောင် သူလည်း ကောင်းကောင်း အနားယူလို့ ရအောင်လို့  စေတနာနဲ့လည်း ပြောရသေးတယ် ...မချိုးချင်လည်း နေပေါ့ကွာ ..."

မိုင်းက နှုတ်ခမ်းလေး မဲ့ကာပြောဆိုနေပြီး အဝတ်အစားတွေ ချွတ်နေလေသည်။ ဆီဇာနေရဇ္ဇဆိုတဲ့ ဒီတစ်ယောက်ဟာ တကယ်ပဲ ညစ်ညမ်းတဲ့ အတွေးတွေ ရှိတာလား မရှိတာလားဆိုတာ ခန့်မှန်းရခက်ပါသည်။ ရည်ရွယ်ချက်ရှိရှိနဲ့ ပြောသလိုလို၊ စေတနာတွေ ဗရပွနဲ့ပဲ ပြောသလိုလိုနဲ့။
တကယ်ပဲ ဝေခွဲရခက်ခက်။

သဏ္ဍာန်ဆန်းTempat cerita menjadi hidup. Temukan sekarang