အခန်း ၇

Start from the beginning
                                    

##########

မိုမိုကိုယ်လက်မျက်နှာဆေးပြီး ထမင်းစားခန်းထဲသို့ ၀င်လာသော် ကြီးကြီးက မုန့်ပန်းကန်များကိုပင် ထမင်းစား စာပွဲတွင် စီနေပြီဖြစ်သည်။

"အစောကြီး နိုးနေတာလားသား လာ..လာထိုင်လေ"

"ဟုတ်ကဲ့ကြီးကြီး"

"ဟိုသားအဖတွေ အိပ်နေတုန်းလား သားကရောဘာလို့အစောကြီး ထလာသတုန်း အေးကအေးနဲ့ နည်းနည်းထပ်အိပ်တာမဟုတ်ဘူး "

"ကျွန်တော် ကြီးမေ မနက်စာလုပ်တာကြည့်ချင်လို့ အစောကြီးထလာတာ ဒါပေမဲ့မမှီလိုက်ဘူး"

"သည်နေ့က ကျုပ်ချက်တာမဟုတ်ဘူးကွဲ့...မပုလေးစောစောနိုးတာနဲ့ သူကိုယ်တိုင်ချင်ထားနှင့်တာတဲ့... ကျုပ်လာတော့ဖြင့် အကုန်လုံးတောင် ပြင်ဆင်ပြီးရော့ပြီ"

"အာ...သည်လိုလား"

မိုမို စိတ်ပျက်စွာဖြင့်​ရေရွတ်မိ၏။သည်အိမ်ကြီး၌ မိုမို့အား ထမင်းမချက်စေချင်သည့်သူများမှာ ကြီးကြီးတစ်ယောက်တည်းမဟုတ် မအေးရီတို့ အရီးပုတို့လည်း အပါအ၀င်ဖြစ်၏။အကြောင်းမှာ မိုမိုသည် ယောက်ျားလေးတစ်ယောက်ဖြစ်သည့်အပြင် လက်ကလေးများမှာ သေး၍ နူးညံ့နေသောကြောင့် ဒဏ်ရာရလိမ့်မည်ဟုဆိုကာ မီးဖိုချောင်အတွင်းသို့ပင် ပေးမ၀င်ချင်ကြ။ကြီးကြီးက စူပုတ်နေသော မိုမို့ပုံစံကြောင့်

"ကဲပါလေ မနက်အစောကြီး စိတ်ကောက်မနေနဲ့တော့ လာဘ်တိတ်တယ်၊နေ့လည်ကြ ကြီးမြကိုယ်တိုင် သင်ပေးမယ် ဟုတ်ပလား။ခုစားစရာရှိတာဖြင့် သေချာစား ဆော့မနေနဲ့တော့.."

"ဟုတ်ကဲ့"

မိုမိုမှာအသက်ပြည့်ပြီးလို့ ယောက်ျားရနေပြီဖြစ်သော်လည်း သေးသေးကွေးကွေးကိုယ်ကြောင့် ကလေးအငယ်လိုသာ ဆက်ဆံခံရ၏။အမှန်မှာလည်း နုဒါလေးပြီးလျှင် သည်အိမ်၌အသက်အငယ်ဆုံးမှာ မိုမိုပင်ဖြစ်ရာ မပြောသာတော့ချေ။

ကြီးကြီးကမိုမိုနှင့်အတူ တိတ်ဆိတ်စွာစားသောက်ပြီး အပေါ်ထပ်သို့ပြန်တက်သွား၏။ခဏအကြာ အပေါ်ထပ်မှ မောင်ဆင်းလာလေ၏။

"နိုးလာပြီလား ကျွန်တော်ကခဏနေ တက်လာပြီးနှိုးတော့မလို့"

My excellent husband (Uni+Zaw) CompleteWhere stories live. Discover now