Chapter - 76 ( 🚨🔞🚨 )

Start from the beginning
                                    

ဖန်းဂူအနောက်ကလူတွေလိုက်မလာမှီ မျက်ခြေဖျက်ဖို့အတွက် လေယာဉ်ပေါ်ချက်ချင်းတက်စေလိုက်တယ် ... ပြီးနောက် မင်းယွီဘက်ကိုလှည့်လိုက်ပြီး ...

" ကိုယ်တို့ ဘယ်ကိုသွားရင်ကောင်းမလဲ "

" မင်းယွီခနမျှစဉ်းစားလိုက်ပြီးနောက် သူအမြဲသွားဖို့တွေးနေတဲ့နေရာလေးကို ပြောပြလိုက်တယ် "

" အချစ်ရွာလေးကို ပြန်သွားချင်တယ် "

" ကောင်းပြီ "

ဖန်းဂူ ချူးရှန့်ဘက်ကိုလှည့်လိုက်ပြီး ...

" ချူးရှန့် တောင်ခြေကရွားလေးဆီကို လိုက်လာခဲ့...

မနက်ဖြန်ငါ့မွေးနေ့ကို အဲ့ရွာလေးမှာကြင်းပမယ် ...

လိုအပ်တာတွေအားလုံးပြင်ဆင်ပြီး အမြန်ဆုံးနည်းနဲ့လိုက်လာခဲ့ "

" ဟုတ်ကဲ့ပါသခင်လေး "

ရဟက်ယာဉ်ဟာ တဖြေးဖြေးမြင့်သက်သွားပြီးနောက် သေငယ်စွာပျောက်ကွယ်သွားလေတယ် ... ဖန်းဂူအမြင့်ကြောက်တတ်မှန်းသိတဲ့မင်းယွီက ဖန်းဂူလက်လေးကိုတင်းနေအောင်ကိုင်ထားပြီး တစ်ဖက်ကလဲ လုယီလေးကိုပွေ့ဖက်ထားလေတယ် ...

လုယီလေးက တစ်ကြိမ်တစ်ခါမှလေယာဉ်မစီးဖူးသေး၍ မှန်အကြည်ကနေ တိမ်တိုက်တွေ တောင်တန်းတွေကိုမြင်နေရတော့ အစပိုင်းမှာကြောက်နေပေမဲ့ နောက်ပိုင်းတစ်ဖြေးဖြေးပြုံးပျော်လာကာ ပါစပ်အဟောင်းသားလေးနဲ့ လိုက်ကြည့်နေတယ် ...

ဖန်းဂူအရာအားလုံးကိုသတိရသွားပြီးတဲ့နောက်မှာတော့ ဒီလူသား ၂ ယောက်ကို နောက်ထပ်ဆုံးရှုံးရမှာကို သေမတတ်ကြောက်မိလာတယ် ... တစ်ချိန်လုံးဖုန်းကွယ်ထားတဲ့ ခံစားချက်တွေပွင့်ဟလာပြီး သူဟာ မိသားစုအပေါ် နွေးထွေးမှုအပြည့်ပေးနိုင်တဲ့လူတစ်ယောက်ဆိုတာကို ဖော်ပြချင်လာတယ် ... ပြီးတော့ သူ့ကိုပါ ထာဝရအဖြစ် ပိုင်ဆိုင်သွားချင်တယ် ...

ဖန်းဂူက မင်းယွီပခုံးလေးကိုဆွဲဖက်လိုက်ပြီး သူ့ရင်ပေါ်မှီစေကာ တစ်ဖက်ကသားလေးကိုပွေ့ဖက်ထားလျှက် ထိုသားအဖအပေါ် အနွေးဓာတ်တွေ လွှမ်းခြုံပေးလိုက်တယ် ... လုယီလေးက နွေးထွေးမှုကြောင့် မင်းယွီရင်ဘက်ပေါ်မှီကာ အိပ်ပျော်သွားပြီး မင်းယွီက ဖန်းဂူရင်ဘက်ပေါ်မှီထားလျှက် ရင်ခုန်သံတွေကိုကြားနေရပြီး အိပ်မပျော်နိုင်သေးပေ ...

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now