Chapter - 76 ( 🚨🔞🚨 )

Start from the beginning
                                    

သူတို့မကြာခင် ဒီကိုရောက်လာကြတော့မှာ "

ထိုအခါ ဖန်းဂူ ကုတင်ပေါ်ကနေ အမြန်ဆင်းလိုက်ပြီး ...

" ခု လုယီဘယ်မှာလဲ "

" ရှန်ဝေဆီမှာ "

" ချူးရှန့် ငါ့အိမ်တော်ထဲက လေယာဉ်အမြန်သွားပြင် ...

သူတို့မလာခင် ဒီကအမြန်ထွက်သွားကြမယ် "

" အချိန်မရှိတော့ဘူး ... အရှေ့ပေါက်မှာလူကြီးတွေ ရောက်နေကြပြီ "

ဖန်းဂူ ပြတင်းပေါက်ကနေပြီး အောက်ကိုကြည့်လိုက်တော့ ရှန်ဟွှာက ကားတွေနဲ့ မင်းယွီတို့ဘက်ကမိဘတွေရောက်နေပြီး ထိပ်တိုက်တွေ့နေကြပြီ ...

ကြားထဲကနေရှုယွမ်က လူကြီးတွေအပေါ်တက်လို့မရအောင် အချိန်ဆွဲပေးနေပုံပဲ ... ဒီရှုတ်တွေးလှတဲ့အခြေအနေကြီးမှာ အားလုံးနဲ့အဝေးဆုံးကိုသာ ပြေးထွက်ချင်မိလာတယ် ...

" သခင်လေး ဘယ်ကိုသွားချင်လဲ ...

ကျွန်တော်ဖျက်လမ်းကနေသွားပြီး စီစဉ်ထားလိုက်မယ် "

ဖန်းဂူစဉ်းစားမနေတော့ပဲ မင်းယွီလက်ကိုဆွဲလိုက်ပြီး ...

" အားလုံးရဲ့အဝေးကို အမြန်ထွက်သွားရမယ် ...

ခုချက်ချင်း လုယီနဲ့ရှန်ဝေကို နောက်ဖေးလာဖို့ပြောလိုက် "

မင်းယွီ ဖန်းဂူရဲ့ဆွဲခေါ်ရာနောက်သို့ ပြေးလိုက်လာခဲ့လေတယ် ... သန်မာတဲ့လက်မောင်းတစ်ဖက်က သူ့အား မလွှတ်တမ်းဆွဲထားပြီး အင်းအားအပြည့်နဲ့ ဦးဆောင်ကာ ပြေးနေတယ် ... ဆူညံနေတဲ့လူအုပ်ကြီးကိုကျောခိုင်းလျှက် အရာအားလုံးရဲ့အဝေး အာကာသထဲသို့ ရောက်သွားသလိုမင်းယွီခံစားလိုက်ရပြီး ဒီလူရဲ့အနောက်သို့ ထပ်ကြပ်မကွာ လိုက်ပါလာခဲ့မိလေတယ် ...

ဆေးရုံရဲ့နောက်ဖေးကိုရောက်တော့ အရန်သင့်စောင့်နေတဲ့ အနက်ရောင်ကားလေး ... အပေါ်မှာရှန်ဝေနဲ့လုယီလေးတိုင်နေပြီး မင်းယွီတို့ဝင်လိုက်တာနဲ့တစ်ပြိုင်နက် မောင်းထွက်သွားလေတယ် ...

ပထမဆုံး ဆေးရုံနဲ့အနီးနားမှာရှိတဲ့ ဖန်းဂူရဲ့ရှန်ဟွှာအိမ်တော်သို့ခေါ်ဆောင်လာခဲ့တယ် ... ဒီအိမ်တော်ကိုမရောက်တာ လေးနှစ်ကျော်သွားပေမဲ့ မီးလောင်ပြီးနောက် အရာအားလုံးဟာ ယခင်ပုံစံအတိုင်း ပြန်လည်တည်ဆောက်ထားလေတယ် ... ချူးရှန့်က အရင်ရောက်နှင့်နေပြီး အဝတ်အစားတချို့နဲ့ လိုအပ်တာတွေပြင်ဆင်ကာ လေယာဉ်အဆင်သင့်ပြင်ထားပြီးခြေပြီ ...

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now