Chapter - 75 ( Kiss 💑💕💕 )

Start from the beginning
                                    

" ပါပါး မှာထားတဲ့ပန်းခူးပြီးရင် သားနဲ့ကစားပေးမယ် … ဒီမှာထိုင်စောင့်နေ "

" ဟင့်အင် … သွားနဲ့ "

မင်းယွီကနားမထောင်ပဲ သားလေးကိုပွေ့ချီကာ ခုံပေါ်မှာချထားခဲ့ပြီး ပန်းခင်းလေးထဲဝင်သွားလေတယ် … သူဝင်လိုက်ပြီဆိုတာနဲ့  ကျိုးကြေနေတဲ့ပန်းကိုင်းများ ပြန့်ကျဲနေတဲ့ပွင့်ဖက်တစ်ချို့ ပြစ်ချထားတဲ့ပန်းခိုင်တွေ မသိရင် နွားရိုင်းတစ်အုပ်ဝင်တိုးသွားသည့်အလားပင် … မင်းယွီတစ်ကိုယ်လုံး ပူထူသွားပြီး ခေါင်းနပန်းများပင်ကြီးသွားသယောင် …

မင်းယွီက ပန်းတွေကိုချစ်မြတ်နိုးသလို သေချာဂရုစိုက်ပြုစုထားတဲ့အတွက် ယခုလိုပျက်စီးနေတဲ့မြင်ကွင်းက သူ့အားခြေမခိုင်ပဲလဲကျသွားစေတယ် … မင်းယွီမြေပြင်ပေါ်က ကြိုးနေတဲ့ပန်းခိုင်တွေကို တုန်ရင်နေတဲ့လက်တွေနဲ့ ကောက်ယူလိုက်ပြီး  နှမြောတမ်းသစွာကြည့်နေမိတယ် …

ထိုစဉ်မလှမ်းမကမ်းက လှုပ်ရွရွအရာကြောင်း မင်းယွီလှည့်ကြည့်မိတဲ့အခါ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် အံ့ဩထိတ်လန့်သွားလေတယ် …

ဖန်းဂူဟာ ပန်းရဲ့ပွင့်ဖက်ကို လက်နဲ့ကိုင်ထားပြီး တစ်ထွှာမကရှည်တဲ့ အခြေကနေ သူ့ရဲ့ထက်လှတဲ့ဓားနဲ့ လူတစ်ယောက်ရဲ့ခြေထောက်ကို ခုတ်ဖျက်လိုက်သလို အားပါပါနဲ့ခုတ်လိုက်တယ် …

ထိုအခါ သေးငယ်တဲ့အပင်ကိုယ်လေးကမခံနိုင်ပဲ အမြစ်ကနေကျွတ်ထွက်ကာ နှစ်ပိုင်ပြတ်သွားသည့်အပြင် သူလက်နဲ့ကိုင်ထားတဲ့ ဖွင့်ဖက်တွေဟာလဲ တစ်စစီကြွေမွသွားလေတယ် …

မင်းယွီမကြည့်နိုင်တော့ပဲ ဖန်းဂူထံပြေးသွားကာ နောက်ထပ်တစ်ပင်ခုတ်ရန်ပြင်နေတဲ့ဖန်းဂူလက်ကိုဆွဲကာ ထားလိုက်ရတယ် …

" အ့ "

သို့ပေမဲ့ အားကပြင်းသလို ဓားသွားကထက်လွန်း၍  မင်းယွီလက်ထိပ်ကိုထိပြီး သွေးများ ယိုစီးလာလေတော့တယ် … ထိုအရာကိုမြင်သွားတော့ ဖန်းဂူလက်ထဲကဓားကို လွှတ်ချပြစ်လိုက်တယ် … သူ့ဘဝမှာအသုံဝင်ဆုံးသေား သူရဲ့ကိုယ်ပွားလက်နတ်ကိုအပြစ်တင်ဖူးတာ ဒါဟာပထမဆုံးအကြိမ်ပင် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now