Chapter - 74

30.5K 4.5K 890
                                    

#Unicode

ဖန်းဂူ မင်းယွီတို့အိမ်ရောက်ပြီးနောက် အလုပ်ကို ချူးရှန့်နဲ့ယာရှာထံအပ်ထားလိုက်လေတယ် … လုယီလေးနဲ့ပိုရင်းနီးလာပေမဲ့ ခုချိန်ထိ သူ့အား ဒယ်ဒီလို့မခေါ်သေးဘူး …

လုယီလေးက ငယ်သေးတဲ့အတွက် ခုမှရောက်လာတဲ့လူက သူ့ရဲ့ဒယ်ဒီဖြစ်ကြောင်းကို နားမလည်သေးပေ … ပြောရလျှင် သူ့ရဲ့အသိစိတ်လေးက သူ့ရဲ့ပါပါးတစ်ယောက်ထည်းကသာ သူရဲ့မိဘဟူ၍ …

ဖန်းဂူ လုယီလေးကိုပေါင်ပေါ်မှာတင်ထားပြီး ခြံရှေ့က ခုံလေးပေါ်မှာ ထိုင်နေကြလေတယ် …

" လုယီ … ဦးလေးလို့မခေါ်ပဲ ဒယ်ဒီလို့ခေါ်ကြည့် "

" သူနယ်ချင်း "

" မဟုတ်ဘူး … ဒယ်ဒီ "

" ပါပါးကပြောတယ် …

ဒယ်ဒီကပါပါး … ပါပါးက ဒယ်ဒီတဲ့ "

ဖန်းဂူ လုယီလေး ဒယ်ဒီလိုခေါ်လာအောင် စတင်အကြံထုတ်လေတော့တယ် …

" လုယီ … ဦးကို ဒယ်ဒီလို့တစ်ခါခေါ်ရင် ကြိုက်တာခိုင်း လုပ်ပေးမယ် "

ထိုအခါ လုယီလေး စိတ်အားတက်ကြွသွားပြီး …

" ဂယ်လား "

ဖန်းဂူက ညှင်သာစွာ ခေါင်းငြိမ့်ပြလိုက်တော့ လုယီလေးက ဖန်းဂူအပေါ်ကနေ ခုန်ဆင်းလိုက်တယ် …

ဒီနေ့နဲ့ဆို ဖန်းဂူ ဒီအိမ်လေးကိုရောက်နေတာ ၃ ရက်ရှိသွားပြီ … ညတိုင်း လုယီလေးနဲ့အတူ မင်းယွီအခန်းထဲမှာအိပ်ပြီး မနက်အိပ်ယာထမျက်နှာသစ်ပြီးမှ အောက်ထပ်ကို ဘယ်သူမှမသိအောင် ပြန်ဆင်းလာလေ့ရှိတယ် …

အစောင့်တွေက အရှေ့ပေါက်မှာပဲစောင့်နေကြပြီး နောက်ဖေးကိုတာ့ ဂရုတစိုက် စောင့်ကြည့်ခြင်းမရှိ … ဖန်းဂူလိုလူကိုလဲ တားစီးနိုင်တဲ့သူမရှိနိုင်ဘူး …

အားလုံးက အလုပ်ကိစ္စနဲ့မို့အိမ်မှာမရှိကြပေ … မင်းယွီမိခင်က စောစောကပဲ ပန်းဆိုင်ကိုသွားနှင့်ပြီ … အိမ်မှာ အစောင့်တွေနဲ့ ဖန်းဂူတို့သားအဖရယ် မင်းယွီရယ်သာ ကျန်နေခဲ့လေတယ် …

" ဒယ်ဒီ "

လုယီလေးရဲ့ခေါ်သံကြောင့် ဖန်းဂူတစ်ကိုယ်လုံး ခဲတောင့်လျှက် တစ်ကြိမ်တစ်ခါမှမခံစားဖူးတဲ့ကြည်နူးမှုအပြည့်နဲ့ သူ့အရှေ့ကအကောင်သေးလေးအား ရင်ခွင်ထဲဆွဲပွေ့ကာ ပါးလေးအား ' ရွှတ် ' ခနဲ နမ်းလိုက်တယ် … ဒီလောက်ချစ်ဖို့ကောင်းတဲ့ကလေးလေးကို မလိုချင်ဘူးပြောခဲ့တဲ့ ကို့ကိုယ်ကိုပင် မယုံနိုင်ပေ …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now