ဝမ်နင်ကို ရိပေါ်တင်မက စစ်ကျွေးကပါ မကြည်ကြည့်တွေကြညိ့လာပြီ။

"မင်းကဘာဖြစ်နေတာလဲ ဝမ်နင် ရိပေါ်ကမပြောနဲ့ဆို မပြောတော့နဲ့ပေါ့ ငါပါကြည့်မရတော့ဘူးနော်''

"စစ်ကျွေးမင်းမသိလို့နော် အဲဒီညကလေ ရိပေါ်ကိုနမ်းလိုက်တာကြည့်ပြီး ငါတောင်ကြွေသွားတယ်''

ဝမ်နင်ဆီက နမ်းတဲ့စကားလည်းထပ်ကြားရော ရိပေါ်ကပါးစပ်ကို အတင်းပိတ်လို့ အိမ်ပြင်ဆွဲထုတ်လေရဲ့။ ဟိုကပြန်လာတော့မယ် ပါးစပ်စည်းမရှိဘူး ပြန်​တော့နဲ့ ဆရာကြီးဂိုက်ဖမ်းလို့ မောင်ထုတ်နေတယ်။ ဝမ်နင်ကလည်း တဟားဟားအော်ရယ်လို့ ကိုကိုပြန်လာစောငိ့မှာပါဆိုပြီး ခြံပြင်ရောက်ထိ ပြောနေသေးတာ။

သူငယ်ချင်းတွေပြန်သွားလို့ အမောဖြေနေရုံရှိသေး
ကိုကိုပြန်လာ...အဲ...ဟိုလူကြီး ပြန်လာရောက်လာတယ်။

အိမ်ထဲ​ရောက်တာကို ဖုန်းလက်ကမချပဲ စကားတပြောပြောနဲ့ ဝင်လာပြီး ရိပေါ်ကိုမျက်ခုံးပင့်နှုတ်ဆက်တယ်။ခနကြာတော့ ပြနိထွက်လာပြီး ရိပေါ်ပခုံးလာပုတ်တယ်။.

"ထ ကိုယ်အပြင်သွားစရာရှိတယ် လိုက်ခဲ့အုံး...လုပ်ငန်းရှင်တစ်ယောက်နဲ့တွေ့မှာ မိတ်ဆက်ပေးချင်လို့''

"မလိုက်ဘူး''

ရိပေါ်စကားကြောင့် သြဝါဒခြွေမလို့ပြင်နေတဲ့ ရှောင်ကျန့်ကို လက်ဝါးထောင်ပြပြီး သူကပဲဆက်ပြောလိုက်တယ်''

"ပျင်းနေတာ စကားပြောမယ့်နေရာက ပန်းခြံထဲမှာဆိုရင်တော့လိုက်မယ်''

"ဟ လုပ်ငန်းအကြောင်းဆွေးနွေးမှာလေ ပန်းခြံထဲပြောရအောင် သမီးရည်းစားချိန်းတွေ့တယ်များမှတ်နေလား''

ရိပေါ်ကရယ်ချင်နေတဲ့စိတ်ကို မျိုချလို့ တော်ကီတွေဆက်လွှတ်နေတယ်။

"အောက်လိုက်တာ ဘယ်ခေတ်ရောက်နေပြီလဲ သမီးရည်းစားချိန်းတွေ့တာ ပန်းခြံပဲဘာလို့ဖြစ်ရမှာလဲ အလုပ်အကြောင်းရော ဘာလို့ပန်းခြံမှာ ပြောမရရမှာလဲ.... ပန်းခြံဆိုတာ အပန်းဖြေဖို့ထားတာဆိုတာ မသိတာလား''

စကားတတ်တဲ့ ဝမ်ပေါက်စဆီက ကပ်သီးကပ်ဖဲ့စကားတွေကို ရှောင်ကျန့်ဘယ်လိုခြေပရမှန်းမသိ။
ဖုန်းလေးထုတ်လို့ လှမ်းပြီးနေရာပြောင်းကြည့်လိုက်တယ်။ တစ်ဖက်လူက သူ့ကိုမရယ်ပါစေနဲ့လို့လည်း ရင်ထဲကကြိတ်ဆုတောင်းရင်းပေါ့။

ဝမ်ချိုချိုလေးWhere stories live. Discover now