"ဒါကရှားပါးမျိုးမို့ တွေ့ရခဲတယ်..ချယ်ရီစံအိမ်တော်ရဲ့ သခင်လေးမို့ အမကရောင်းပေးတာ "

ထိုအမက ချယ်ရီပင်လေးကို ကြည့်ကာပြောလာသည် ။ 

"ကျေးဇူးတင်ပါတယ် ...အမ "

ကျွန်တော်တကယ်ကို ကျေးဇူးတင်မိတာကြောင်း ခေါင်းငုံ့ကာပြောလိုက်သည် ။

"ရပါတယ် ..သခင်လေး နာမည်ဆိုင်ပုဒ်လေးယူမလား အမက တခါတည်းထွင်းပေးလိုက်မယ် "

အမကပြောကာ သစ်သားပြားလေးနဲ့ နာမည်ထွင်းတဲ့ဓားလေးကို ယူလာသည် ။

"ကင်မ်ထယ်ယောင်း မလား "

ခေါင်းငြိမ့်ပြလိုက်ပြီးနောက် အမက သစ်သားပြားလေးပေါ်မှာ နာမည်စထွင်းလေသည် ။

"အမ "

ထယ်ယောင်းကြည့်နေရာကနေ အတွေးတစ်ခုပေါ်လာတာကြောင်း ခေါ်လိုက်တော့ အမက နာမည်ထွင်းနေတာကို ရပ်ကာ ကြည့်လာသည် ။

"ကင်မ်ထယ်ယောင်းနဲ့တူတူ မင်ယွန်းဂီဆိုတာကိုပါ ထည့်ပေးပါ့လား "

ထိုအခါ အမက ခဏကြည့်နေပြီးမှ ခေါင်းညိမ့်ပြကာ ကျွန်တော့်နာမည်ရဲ့နောက်ကနေ မင်ယွန်းဂီဆိုတဲ့နာမည်လေးကိုပါ ထွင်းပေးပြီး အချောသတ်ကာ ကျွန်တော်လက်ထဲကိုထည့်ပေးလာသည် ။

"ကျေးဇူးတင်ပါတယ် "

ပိုက်ဆံရှင်းပြီးနောက် နာမည်ထွင်းထားတဲ့ သစ်သားပြားလေးကို ရင်ခွင်ထက်၌ပိုက်ကာ အမအား ကျေးဇူးတင်ကြောင်း ပြောကာ ပြန်လာခဲ့သည် ။

"ဦးလေး ..သစ်ပင်ကို ကျွန်တော့်အခန်းရှေ့ကို သယ်လာပေးပါ "

အိမ်ရောက်တော့ ဒါရိုင်ဘာဦးလေးကြီးအား သစ်ပင်သယ်လာရန်ပြောပြီး လုပ်နေကြအတိုင်း လွယ်အိတ်ကို ကားပေါ်ထားခဲ့ကာ သစ်သားပြားလေးကိုကိုင်ရင်း ပြေးသွားလေသည် ။ သူသွားသည့်နေရာဟာ သူ့အခန်းတစ်နည်းအားဖြင့် သူ၏ဦးလေးငယ်နေထိုင်ရာနေရာဖြစ်သည်ဆိုတာကိုတော့ ဗေဒင်မေးစရာတောင်မလိုပေ ။

ကျွန်တော်အခန်းတံခါးဝရောက်တော့ စာအုပ်ကိုလက်နဲ့စမ်းဖတ်နေတဲ့ ဦးလေးငယ်ဟာ အခန်းအပေါက်ဝဘက်ကို လှည့်ကြည့်လာသည် ။

Cherish Where stories live. Discover now