"ယောင်းငယ်.. "

အခန်းထဲကို ခြေဖွကာဝင်လိုက်သော်လည်း နားပါးတဲ့ဦးလေးငယ်က တန်းကြားသည် ။

"ဦးလေးငယ် ..ဦးလေးငယ် ပီယာနိုတီးတာ သိပ်တော်တာပဲ "

"ဦးငယ်က ဒီတိုင်းတစ်ယောက်တည်းပျင်းနေလို့ အခန်းထဲသွားရင်တွေ့လို့တီးကြည့်နေတာ ယောင်းငယ်လေးမကြိုက်ရင် "

ကျွန်တော်က ချီးကျူးစကားပြောလိုက်ပေမယ့် အကြောက်အကန်ဖြေရှင်းလာတဲ့ ဦးလေးငယ်ဟာ အရာရာကို စိုးရိမ်တတ်လွန်းသည် ။

"သားပိုင်တဲ့ပစ္စည်းတွေ အကုန်လုံး ဦးလေးငယ်လည်း ပိုင်တယ်လို့ ပြောထားတာကို သားကမကြိုက်စရာလား "

ပြောကာ ငုတ်တုတ်လေးထိုင်ပြီး ဒီဘက်လှည့်ထိုင်နေသော ဦးလေးငယ်ရဲ့ပေါင်ပေါ်ကို ခေါင်းတင်လိုက်သည် ။ ထိုအခါ ဦးလေးငယ်က ခပ်ရေးရေးပြုံးကာ ဆံပင်တွေကို လက်နဲ့သပ်ပေးလာသည် ။

"ဒီနေ့ကျောင်းမှာ ပျော်ခဲ့ရဲ့လား ယောင်းငယ် "

ဦးလေးငယ်ရဲ့ အသံအေးအေးလေးက နားဝင်ချိုစေ၏ ။ အရင်က ထိုမေးခွန်းကို မေမေ့ကပဲ မေးလေ့ရှိပေမယ့် ဦးလေးငယ်ရောက်လာပြီးနောက်ပိုင်း ထိုမေးခွန်းကို ဦးလေးငယ်ကိုပါ ဖြေပေးရသည် ။

"ဒီနေ့ ကျောင်းမှာချော်လဲသေးတယ် "

"ဘယ်နားကို ခိုက်မိသွားသေးလဲ "

ကျွန်တော်ပြောလိုက်တော့ ဦးလေးငယ်က စိုးရိမ်တကြီးဆွဲထူကာ စမ်းလာပြီးပြောတာကြောင်း ဦးလေးငယ်ရဲ့လက်နှစ်ဖက်ကို ဆွဲကိုင်လိုက်သည် ။

" မခိုက်မိပါဘူး သာသာလေးပဲလဲတာ "

ကျွန်တော်ပြောလိုက်တော့မှ ဦးလေးငယ်က စိတ်ချသွားဟန်ဖြင့် ကျွန်တော့်လက်ကို ဖွဖွလေးပုတ်ပေးလာသည် ။ ကျွန်တော်သည် ဦးလေးငယ်ကိုကြည့်ကာ ခိုက်မိထားသော ညာဘက်လက်အား အသာလေး အနောက်သို့ ဆုတ်လိုက်သည် ။

"ဦးလေးငယ် ထမင်းစားပြီးပြီလား "

လွယ်အိတ်ကိုချကာ မေးလိုက်တော့ ဦးလေးငယ်က ချက်ချင်းပြန်ဖြေမလာခဲ့ ။

Cherish Where stories live. Discover now