The Male Empress SS2(Final)

1K 54 11
                                    

Zawgyi

အခန်းအနားကျင်းပရာနေရာတွင်တော့ တိုင်းပြည်ရဲ့ ရှင်ဘုရင် နဲ့ ဧကရီ ကိုယ်တိုင် လာပြီးချီးမြင့်ပေးနဲ့ ပွဲမို့လို့ ပိုမိုစည်ကားသိုက်မြိုက်နေလေတယ် ရဲမက်တွေကလည်း သူ့တာဝန်နဲ့သူ ကာကွယ်ရေးအတွက် စောင့်ကြည့်နေကြတယ်

သတို့သမီးဝါယာဉ်ရောက်လာတော့ သတိုးသားကအိမ်ထဲကနေစီးကြိုလေတယ်

သတို့သားနဲ့သတို့သမီး ရိုးရာအစဉ်အလာတွေ ပြုလုပ်ပြီး လာရောက်ကြတဲ့ ဧည့်သည်တွေထဲမှာ ကောင်လေးကိုရှာနေမိတယ် သူဘယ်များရောက်နေမလည်း သူဘယ်လောက်ဝမ်းနည်းနေမလည်းဆိုပြီးသာတွေးနေမိတယ်

မျက်နှာမကောင်းစွာနဲ့ အနားရောက်လာတဲ့ ဧကရီနဲ့ မင်းကြီး

"ကိုယ်တော်တို့ပြန်တော့မယ်

"အရေးတကြီးကိစ္စရှိလို့လားအရှင်မင်းကြီး

"အင်း အရမ်းအရေးကြီးတာပေါ့

"ကျွန်တော်မျိုးဘာကူပေးရမလည်း

"နေပါ သတိုးသားက အေးဆေးနေခဲ့ပါ ၁ပတ်လောက် ခွင့်ပေး တာမို့ နန်းပြင်မှာ မိသားစုနဲ့ပျော်နေလိုက်ပါ

"ဟုတ်ကဲ့ပါ အရှင်မင်းကြီး

မိတ်ဆွေတွေ ဧည့်သည်တွေကို ဧည့်ခံပေးပြီး နတ်သမီးတမျှလပတဲ့ Fan လေးရဲ့ ပုံစံဟာ သာမန်လူတွေ အနေနဲ့တော့ အရမ်းလှပပေမယ့်သူမရဲ့အခုတော့အဲ့အရာကို Lu Siမခံစားမိ

ညဘက် မင်္ဂလာအိပ်ခန်းဝင်ပြီး အိပ်မပျော်သေးတာကြောင့် အခန်းအပြင်ထွက်လာခဲ့တယ်

"(Mon?)

မဖြူရောင်ဝတ်စုံလေးဝတ်ထားပေမယ့် သာမန်ထက်ပိုလှနေတယ်လို့ Lu Siခံစားရတယ်

"Monမင်းဘယ်လိုလုပ်ရောက်နေတာလည်း

"ဘာလည်းမလာရဘူးလား

မျက်နှာလေး အောက်ငုတ်ကာ စိတ်မကောင်းဖြစ်သွားတဲ့သူ့ကြောင့် ရင်ထဲလှုပ်ခတ်သွားတယ်

"မဟုတ်ပါဘူး ညကြီးဆိုတော့ ...

"ညလည်းဘာဖြစ်လည်း ကျွန်တော်က ဒီအတိုင်းလာတွေ့တာပါ အင်း ဘယ်လိုပြောရမလည်း လာနှုတ်ဆက်တာပေါ့

The Male Empress Season 2Where stories live. Discover now