"လာ ငါလဲပေးမယ် ..."

ဆန်းရဲ့ အင်္ကျီခါးစပ်အနားစကို လာကိုင်ပြီး လှန်တင်ပစ်လိုက်တာ ဆိုးခနဲဆတ်ခနဲ။ ဖြူ‌ဖွေးနေတဲ့ ဗိုက်သားရှပ်ရှပ်လေးက တဝက်လောက် ပေါ်သွားခဲ့သည်။ ပြီးတော့ အဲ့ဒီ့မြင်ကွင်းကို မိုင်းက ငေးကြည့်နေသေးသည်။

"ဟာ ဘာလုပ်တာလဲ ..."

အတင်းအသဲအသန် သူ့အင်္ကျီစကို ဆွဲဖုံး၍ မိုင်းကို မျက်မှောင်ကြုတ် ကြည့်လာသော ဆန်း။

"ဘာလို့ သူများအင်္ကျီကို လာလှန်တာလဲ ...သွား ထွက်သွား ..."

"အင်္ကျီလှန်မိတာ ဘာဖြစ်သွားနိုင်လို့လဲ ယောင်္ကျားလေး အချင်းချင်းပဲကို..."

မျက်မှောင်ကြုတ် မျက်နှာနီပြီး စိတ်ဆိုးမာန်ဆိုးနဲ့ သူ့ကို တွန်းထုတ်နေတဲ့ ဆန်းကို မိုင်းက ပြန်အော်လိုက်လေသည်။

"အချင်းချင်းက အချင်းချင်းပဲ ဒါပေမယ့် မင်းက ... ကျွတ်စ် ..."

ဆုပ်တချက်သပ်၍ ပြောရခက်နေတဲ့ ဆန်းကိုကြည့်ပြီး မိုင်းကရယ်လျက်။

"ဘာလဲ ငါက မင်းကို ကြိုက်နေတဲ့ ကောင်မို့လို့ ခန္ဓာကိုယ်အတွင်းပိုင်းကို မမြင်စေချင်ဘူးပေါ့ ဒီလိုလား ...အဟား ဟား ..."

"‌ဟုတ်တယ်လေ ...ငါကမင်းရှေ့မှာ အဝတ်အစားမပါဘဲ နေစရာလား... မြှူစွယ်နေသလို ဖြစ်နေမှာပေါ့ ..."

"ဘာ ဘာဖြစ်တယ် ...မြှူစွယ် အဟား ဟား ..."

‌ဆန်းပြောသမျှက သူ့ကို ဟာသတွေ ပြောနေသလိုပါပဲ သဘောတကျ အော်ရယ်နေတာ မပြီးတော့ပေ။

"မင်းမှာ ငါရင်ခုန်အောင် ပြုစားနိုင်တဲ့ ကောက်ကြောင်းတွေ ရှိနေလို့လား ...ပြောပါဦး... ငါ စိတ်ရိုင်းတွေ ဝင်လာ ရလောက်အောင် မင်းမှာဘာတွေ ရှိနေလို့လဲ ...ဝမ်းဗိုက်ကြွက်သားတွေတောင် ဘာတစ်ခုမှ မရှိတာကို အဟက် ..."

မိုင်းရဲ့ ခပ်လှောင်လှောင် အပြုံးတချက်က အမြင်ကတ်ချင်စရာ ကောင်းနေပါသည်။

"ငါကလေ Sလိုင်းရှိတဲ့ ကောင်မလေးတွေရဲ့ ဘော်ဒီလှလှလေးတွေကိုပဲ စိတ်ဝင်စားတာ သိလား ...မင်းလို ..."

သဏ္ဍာန်ဆန်းUnde poveștirile trăiesc. Descoperă acum