ဆန်းက ကျောင်းပိတ်ရက် အပန်းဖြေအိမ်ကနေ ကျောပိုးအိတ် တစ်လုံးနဲ့ ထွက်ခွာမယ့်ဆဲဆဲ။ မိုင်းတို့ လေးယောက်ကလည်း ‌ကားသော့ကိုယ်စီနဲ့ လိုက်ရန် ဟန်ပြင်နေကြလေ၏။

"ငါက တစ်လတစ်ခါ အဲ့ဒီ့မှာ volunteer သွားလုပ်နေကြလေ ..."

"အေးလေ မင်းနဲ့အတူ ငါတို့လည်း volunteer လိုက်လုပ်ချင်လို့ပေါ့ဟ ..."

"Volunteer လုပ်ရတာ ဘယ်လိုမျိုးလဲဆိုတာ မင်းတို့ သိရောသိရဲ့လား ..."

တစ်ဖက်ထဲ လွယ်ထားတဲ့ ကျောပိုးအိတ်လေးကို နှစ်ဖက်ပြောင်းချိတ်ရင်း ဆန်းကပြောလိုက်သည်။

"ငါတို့ကို အဲ့လောက်ထိ အထင်မသေးပါနဲ့ သဏ္ဍာန်ဆန်းရယ် နင်ကလည်း..."

နီနီက နှုတ်ခမ်းလေးစူကာ ပြောပြီး သူ့အနားမှာ လာရပ်လိုက်၏။ အထင်သေးတာမျိုး မဟုတ်ပေမယ့် ဒီ Rich kidsတွေဟာ volunteer အလုပ်တွေနဲ့ ဘယ်လိုအပ်စပ်ဖူးမှာလဲ။

"ငါ့နောက်လိုက်ပြီး အနှောင့်အယှက် ပေးချင်တာမျိုးဆိုရင်တော့ ...အခုထဲက ဒီမှာနေခဲ့လိုက်ကြရင် ကောင်းမယ် ..."

"မင်းနောက် လိုက်တယ်ဆိုတာ မှန်ပေမယ့် ...ငါတို့က တကယ်လုပ်အားပေး လုပ်ချင်လို့ လိုက်တာလေ ..."

မိုင်းက အဲ့ဒါပဲပြောပြီး အရှေ့ကနေ ထွက်သွားလေသည်။ ကျန်တဲ့သုံးယောက်ကလည်း သူ့အနောက်ကနေ လိုက်ကြ၏။ ဆန်းမှာလည်း ပြောလို့မနိုင်တော့တာမို့ လက်‌လျော့လိုက်ရတော့သည်။ ဒါတောင်မှ လမ်းမှာ ဆန်းက မိုင်းကို မေးနေသေးသည်။

"ဘာတွေကြံစည်နေပြန်ပြီလဲ ..."

"ဘာကိုလဲ ..."

"ငါ့နောက်လိုက်လာတာကို ပြောနေတာလေ ..."

"ဘာမှမကြံစည်ဘူး ...ပိတ်ရက်မှာ ဘာမှလုပ်စရာလည်း မရှိဘူး ပျင်းနေတာ ...အပန်းဖြေအိမ်မှာပဲ မင်းနဲ့အတူ အချိန်ဖြုန်းမလို့ လာတာပဲ ...ဒါပေမယ့် ဒီရောက်တော့ မင်းက ဂေဟာကိုသွားမှာဆိုတော့ ငါတို့လည်း လိုက်ဖြစ်သွားတာပေါ့ ..."

မိုင်းက ပေါ့ပေါ့ပါးပါး ပြောပြနေသည်။ တကယ်ပဲ ဘာအကြံအစည်မှ ရှိပုံမရပါ။ သူတို့တွေဆီကနေ အကူအညီ အမြောက်အများ လက်ခံထားပြီးတာမို့ ဒီတစ်ခုလောက်တော့ မငြင်းဆန်ချင်တော့ပေ။ လိုက်ချင်လည်း လိုက်ကြပါစေပေါ့။

သဏ္ဍာန်ဆန်းWhere stories live. Discover now