အပိုင်း - ၃၄ (Zawgyi + Unicode)

Start from the beginning
                                    

ဟား....ယောက်ျားကြိုက်တတ်တဲ့ ဒီလူကြီးအနားမှာ ချမ်းက ချမ်းက.....

ဟာကွာ.... ။

ချမ်း စိတ်မထိန်းနိုင်သလို ပြင်းပြင်းထန်ထန်တုန့်ပြန်လိုစိတ်နဲ့ ထိုလူ့အနားသို့ တိုးကပ်သွားမိပြီးမှ

" ချမ်း ချမ်း မင်းရပ်လိုက်စမ်း "

မေ့အော်သံကြောင့် လူကသတိပြန်ဝင်လာကာ ချမ်းမျက်စိရှေ့ အတော်နီးနီးကပ်မှာရှိနေတဲ့ ထိုလူ့ရဲ့ရင်ဘတ်ကို အားထည့်ကာ ဆောင့်တွန်းမိသည် ။

" ဟာ ခင်ဗျားကြီး...ခင်ဗျားကြီးဗျာ "

ချမ်းကို ဘာတစ်ခုမှ ပြောဆိုလာတာမျိုး ၊လက်တုန့်ပြန်လာတာမျိုးမရှိတဲ့ ထိုလူရဲ့အသွင်သဏ္ဍာန်က စိတ်ထဲဘာရှိနေသလဲဆိုတာကိုတောင် အကဲဖမ်းရခက်တဲ့ ပုံစံမျိုး ။

" ချမ်း...မင်း ထူးလေးကို ဘယ်လိုတွေဆက်ဆံလိုက်တာလဲ ဟမ် ၊ အခု ပြန်တောင်းပန်လိုက်စမ်း "

" ကျွန်တော်က ဘာကိစ္စတောင်းပန်ရမှာလဲ မေရဲ့ ၊ ဒီလူက သူ့ကိုယ်သူ Gay ဆိုတာကို ဖုံးကွယ်ပြီး ကျွန်တော့်အနားမှာ တစ်ချိန်လုံး သူတော်ကောင်းပုံစံနဲ့နေခဲ့တာလေ ၊ ခင်ဗျားတော်ပါတယ် ဦးထူးချွန်သာ ၊ ကျွန်တော် လုံးဝကို မရိပ်မိခဲ့တာဗျ ၊ အေးလေ ထူးတော့မထူးဆန်းပါဘူး ၊ ခင်ဗျားတို့က ဒီကိစ္စမှာ မျိုးရိုးရှိတာပဲကို ၊ အဟက်... "

ချမ်းစကားအဆုံးမှာ နီရဲပျက်ထွက်သွားသော ထိုလူ့မျက်နှာကို ခပ်ထေ့ထေ့ပြုံးရင်း အရသာခံသလို စိုက်ကြည့်နေပေးလိုက်သည် ။

" ချမ်း မင်းပါးစပ်ကို အခုပိတ်ထားစမ်း "

" မပိတ်နိုင်ဘူး မေ ၊ ပြောစရာရှိတာတော့ ပြောရမှာပဲ ၊ ဘာလဲ...မေတို့အချစ်တော် perfect man ကြီးရဲ့ သိုးရေခြုံတဲ့ ဝံပုလွေဇာတ်လမ်း ပေါ်သွားလို့ ကျွန်တော့်ကို လာမဲနေတာလား ၊ ကျွန်တော့်ကို ပါးစပ်ပိတ်ထားခိုင်းမယ့်အစား ဒီလူယုတ်မာကိုပဲ ထွက်သွားခိုင်းလိုက်စမ်းပါ ၊ ကျွန်တော် သူ့ကိုမြင်နေရတာ စိတ်ထဲ မသတီလွန်းလို့ "

ချမ်းပြောတဲ့စကားဆုံး,ဆုံးခြင်းမှာ ထိုလူက ချမ်းမျက်စိရှေ့ကနေ ခပ်သုတ်သုတ်ထွက်သွားပြီး.....မကြာခင်မှာပဲ ခြံထဲမှ ကားမောင်းထွက်သွားသံကိုပါ တစ်ဆက်ထဲကြားလိုက်ရသည် ။

အသကျဆကျ သှေး ( အသက်ဆက် သွေး )Completed Where stories live. Discover now