Chapter - 67 ( 👪💕👪 )

Start from the beginning
                                    

လူရှုတ်လွန်းလှတဲ့ ကစားကွင်းကြီးထဲကို စဝင်လာပြီဆိုရင်ပဲ လုယီလေးတစ်ယောက် လွန်စွာပျော်ရွှင်နေလေတယ် … မထမဆုံး ကစားရုံကြီးထဲကို ဝင်လာခဲ့ကြတယ် …

ဖန်းဂူက ဒီလိုနေရာတွေနဲ့ မရင်းနီးတာကြောင့် မင်းယွီတို့သားအဖအနောက်ကနေပဲ အသာလေး လိုက်လာခဲ့ရတယ် … လုယီလေးက ခုန်ပေါက်နေပြီး ပျော်ရွှင်နေလေရဲ့ …

ကစားကွင်းက ကလေးကစားကွင်းနဲ့ လူကြီးကစားကွင်း ၂ ပိုင်းခြားထားပြီး လုယီလေးက ကလေးကစားကွင်းထဲဝင်လာခြင်းဖြစ်တယ် … မတူညီတဲ့ကလေးတွေက အရွယ်စုံအလိုက် မိမိနဲ့သင့်တော်မဲ့ ကစားနည်းတွေကို ကစားရင်း ပျော်ရွှင်နေကြလေတယ် …

လုယီလေးက မိုးပျံ စက်ဘီးစီးဖို့တောင်းဆိုပေမဲ့ အနည်းငယ်မြင့်နေ၍ မင်းယွီက ခွင့်မပြုခဲ့ဘူး … အဲ့ဒိအစား လူကြီးတွေပါဝင်ကစားလို့ရတဲ့ တိုက်ကားစီးဖို့ပြေားလိုက်တယ် …

" ပါပါးက ကားကားလဲစီးတတ်ပဲနဲ့ YiYi တို့ရှုံးကုန်မှာပေါ့ "

" ပါပါးစီးတတ်ပါတယ် …

ဒါပေမဲ့ ဒါကအပျော်စီးရတာ …

သူများတွေကိုအနိုင်မကျင့်ရဘူး "

" ရပါဘူး … YiYiက အမှတ်အများကြီးယူချင်တာ …

ပါပါးကားစီးတတ်ပဲနဲ့YiYiကဘယ်လိုနိုင်မှာလဲ "

ပြီးနောက် လုယီလေးက အနောက်မှာကြောက်ရုပ်ပမာရပ်နေတဲ့ ဖန်ူဂူကိုမော့ကြည့်လိုက်ပြီး …

" ဦးရေးကြီး … YiYi နဲ့ကချားရအောင် "

ထိုအခါ ဖန်းဂူက ကွင်ထဲကိုကြည့်လိုက်တယ် … လူတွေလဲဝိုင်းကြည့်နေပြီး အော်သံတွေဆူညံလျှက် ကွင်းထဲက ကစားနေတဲ့သူတွေကိုအားပေးနေကြတယ် … ဒီဂိမ်းမျိုးကသူနားမလည်သလို လူတွေကြားမှာနေရတာ စိတ်ရှုတ်တာနဲ့ လုယီလေးတောင်းဆိုမှုကို ငြင်းလိုက်လေတယ် …

" တခြားဟာကစား … ဒါကစိတ်ရှုတ်စရာကြီး "

" ဟင့် … ဟင့် … ပါပါး … YiYi တိုက်ကားစီးချင်တယ် …

ဦးရေးကြီးကအရမ်းဆိုးတာပဲ …

ပျော်စရာကောင်းဘူးတဲ့ … အဟင့် … ဟင့် "

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now