Start with Name 1

Start from the beginning
                                    

"ကိုယ့်ဘာသာ သွားမှာလား၊ company က တစ်ဆင့်လားဗျ"

"ကျွန်တော် ကိုယ့်ဘာသာ သွားမှာပါ။ စက်ဘီးစီးပြီးတော့ မြန်မာပြည်အနှံ့ လျှောက်သွားတဲ့သူတွေကို ကျွန်တော် သဘောကျတယ်ဗျ။ သူတို့လို လုပ်ကြည့်မလို့"

"ကောင်းပါတယ်။ ကျွန်တော်လည်း အဲ့ဒါမျိုး သဘောကျတယ်"

"ခင်ဗျားက မြန်မာနိုင်ငံကဆိုတော့ အထင်ကရ နေရာလေးတွေ၊ သွားသင့်တဲ့ နေရာလေးတွေ ရှိရင် ပြောပြပါဦး"

"လေယာဉ်ထွက်ခွာတော့မှာ ဖြစ်တဲ့အတွက် ခါးပတ်များကို သေချာပတ်ထားကြပါရှင်"

လေယာဉ်မယ်၏ လေယာဉ်ထွက်ခွာတော့မည့် အကြောင်း ကြားဖြတ်ကြေညာသံက သာယာစွာ ထွက်ပေါ်လာသည်။ စကားပြတ်သွားတော့ Mr.က သူ့မြေပုံကို အိတ်ထဲသို့ ပြန်ထည့်ပြီး ခါးပတ်ပတ်‌နေ၏။ ထိုသည်ကို ကြည့်ရင်း မတွေးမိလိုက်ပါဘဲ တစ်စုံတစ်ခုအား ပါးစပ်က လွှတ်ခနဲ ပြောမိသွားသည်။

"ဒါနဲ့ Mr. ပုပ္ပားကိုလည်း သွားသင့်တယ်ဗျ"

"ပုပ္ပား? ကောင်းပါပြီ။ ကျွန်တော် သွားလိုက်ပါ့မယ်"

Mr.က ခေါင်းတညိတ်ညိတ် လုပ်ကာ စဉ်းစားနေသလို သူကိုယ်တိုင်လည်း အံ့ဩသွားမိသည်။ ဘယ်လိုတောင် မစဉ်းစားဘဲ ပြောလိုက်မိတာပါလိမ့်။ ရန်ကုန်သား သူ့အတွက် ပုပ္ပားဟူသည်က လုံး၀ မအပ်စပ်သော နေရာ။ ရောက်ဖူးခြင်းလည်း မရှိခဲ့သလို၊ ရောက်စရာ အကြောင်းတစ်စုံတစ်ရာလည်း မရှိခဲ့။ ဒါကို ဘာကြောင့် တခြားနေရာတွေထက် ဒီနေရာအား ပါးစပ်မှ လက်လွတ်စပယ် ထွက်သွားမိခြင်းလဲ...။

အချိန်အတော်ကြာ တောင်တွေးမြောက်တွေး လျှောက်တွေးနေစဉ်မှာပင် Melbourne လေဆိပ်မှ ထွက်ခွာလာသော လေယာဉ်က ကောင်းကင်ပြင်၌ စတင်ပျံသန်းနေပြီ ဖြစ်သည်။

ပြာလွင်လွင် မိုးသားတို့ကြားမှ လေယာဉ်ပျံသည် တငြိမ့်ငြိမ့်...။ လေယာဉ်ပြတင်း‌‌ပေါက်ဆီမှ မြင်ရသော တိမ်တွေသည်လည်း အလိပ်လိပ်...။

တီ...တီ...တီ...

ခေါင်းရင်းဘက်မှ နှိုးစက်၏ တတီတီမြည်သံက အမောင် လွမ်းလတ်နောင်အား အိပ်ကောင်းခြင်း မအိပ်ရအောင် နှိပ်စက်နေလေသည်။ ခေါင်းအုံးနှင့် နားနှစ်ဖက်ကို အုပ်ကာ ထားမိတော့လည်း ပျောက်မသွား။ သည်းမခံနိုင်သည့်အဆုံး မျက်လုံးဖွင့်ကြည့်မိတော့ မနက်ရှစ်နာရီ ထိုးနေပြီဖြစ်၏။

အစိမ်းရင့်ရောင် စာမျက်နှာ { Completed }Where stories live. Discover now