ဖန်းဂူက ရေဆက်တွေတွဲခိုနေတဲ့ဆံပင်တွေကိုသုတ်နေပြီး သူ့အကြည့်တွေကလေးနက်မှုအပြည့်နဲ့ မင်းယွီထံမြဲမံလျှက် အခန်းလေးအတွင် တစ်ခနမျှတိတ်ဆိတ်သွားလေတယ် …

တစ်ခနကြာတော့မှ ဖန်းဂူထံက အသံတစ်စထွက်ပေါ်လာတယ် …

" မင်းရေချိုးပြီးရင်လဲဖို့ဝတ်ဆုံပြင်ဆင်ပေးထားမယ် …

အဝတ်တွေလျှော်မဲ့ပုံးထဲထည့်ထားလိုက် "

သူ့ပုံစံကဘာမှမဖြစ်သည့်နယ်အေးဆေးပဲမို့ မင်းယွီသက်ပြင်ချလိုက်တယ် … ဖန်းဂူထွက်သွားတော့မှ ထိုင်နေရာကနေထလိုက်ပြီး ကိုယ့်ကိုယ်ကို ပြန်ကြည့်မိလိုက်တယ် … ညကဘာမှဖြစ်ခဲ့ပုံမပေါ်ဘူး … အရက်မူးနေလျှင် အသိစိတ်မဲ့သွားတတ်တဲ့ကို့အဖြစ်ကိုသိ၍ မသောက်တာကြာခဲ့ပြီ … ညကဘာမှမဖြစ်ခဲ့တာကိုပဲ ကံကောင်းတယ်လို့ ဆိုရမယ် …

မင်းယွီရေချိုးပြီးသွားတော့ အခန်းပြင်ထွက်လာခဲ့တယ် … စိတ်ကကြည်လင်သွားပေမဲ့ အရာအားလုံးကိုပြန်မှတ်မိသွားတဲ့အတွက် ဖန်းဂူနဲ့ရင်မဆိုင်ရဲတော့ဘူး … သူ့ရဲ့လက်နဲ့ ပါးချလိုက်မိတာကအစ ပြန်မှတ်မိလာပြီး မျက်နှာက ခရမ်းချည်သီးပမာ ရဲလာတယ် …

တချိန်ကဘယ်လောက်ထိပတ်သပ်ဖူးခဲ့ပါစေ ခုချိန်မှာ ဒီလူဟာ သူ့ရဲ့အလုပ်ရှင်တစ်ယောက် … ဒါကြောင့်မို့ ခုလိုပြုမူတာက ခွင့်မလွှတ်နိုင်တဲ့အမှားတစ်ခုဖြစ်ပြီး မျက်နှာချင်းဆိုင်အလုပ်ဆက်လုပ်ဖို့မဖြစ်နိုင်တော့ဘူး … မင်းယွီအလုပ်ထွက်ချင်စိတ်ပါပေါက်သွားလေတယ် …

သူ့အတွက်ပြင်ပေးထားတဲ့အင်္ကျိက အနည်းငယ်ပွနေပြီး ဘောင်းဘီက ဒရွတ်တိုက်မတတ်ရှည်နေတယ် … ဒီ ၃ နှစ်အတွင်းမှာ မင်းယွီက ကလေးရဲ့ဒါဏ်ကြောင့် ခန္ဓာကိုယ်သေးသွားပြီး ဖန်းဂူကတော့ ယခင်ကထက်ပိုပြီးထွားလာတဲ့အပြင် ပိုပြီးတောင့်တင်းလာတယ် …

သူ့ရဲ့လက်မောင်းတစ်ဖက်နဲ့ မင်းယွီကိုတောင်အသာလေးမနိုင်လောက်တဲ့ထိသန်မာလာတယ် … သူ့ရဲ့အရပ်က မင်းယွီထက် ခေါင်း ၃ လုံးစာမျှပိုရှည်လာပြီး သူ့ရဲ့ရင်အုံတွေက မင်းယွီကိုတင်ပြီးပွေ့ဖက်ကာထားလျှင် စောင်တွေခေါင်းအုံးတွေမလိုပဲ နွေးထွေးမှုအပြည့်နဲ့ လုံခြုံမှုပေးနိုင်လောက်တဲ့ထိ ကြီးထွားလာတယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now