ခုချိန်မှာ ဖန်းဂူတို့မိသားစုဟာ သူစိမ်တွေမရှိတော့ပဲ အိမ်တော်မှာပြန်စုံနေကြပြီ … သို့ပေမဲ့ သခင်မကြီးကတော့ ရှန်ကူးမန်ကို လင်ယောက်ျားနေမှာ ပြန်ပြီး လက်မခံနိုင်သေးဘူး …

ဖန်းဂူရဲ့လက်နတ်တိုက်ဟာ ပိတ်ထားပြီး အမှောင်က ဂိုဏ်းသားတွေအားလုံးကို ယာရှာက ကြီးကြပ်ကာ ဖန်းဂူနယ်တွေကို ကာကွယ်ထားလေတယ် …

ယခင်က အောင်မြင်ဖို့အတွက် အသက်တွေကိုချနင်းလာခဲ့တဲ့ Lion ဟာ အသစ်သဖန်မွေးဖွားလာတဲ့အခါမှာ အလင်းနယ်မြေကိုစိုးမိုးဖို့သာစိတ်အားထက်သန်နေပြီး စီးပွားရေးကိုအပြိုင်အဆိုင် လုပ်ကိုင်လေတယ် …

အမှောင်ဘက်ကို သူနည်းနည်းလေးမှ သတိရပုံမပေါ်ဘူး … သူရဲ့မှတ်ဉာဏ်တွေဟာလဲ အမှောင်ဘက်ချမ်းက အဖြစ်အပျက်တွေများစွာ မေ့ပျောက်နေခဲ့တယ် … အတိတ်ဆိုးတွေရှိနေ၍ သတိမရတာလဲ အကောင်းဆုံးဟုထင်မိတယ် …

" မား … အဖိုးအခြေအနေဘယ်လိုရှိလဲ "

" မင်းဖိုးဖိုးက ထုံးဆန်အတိုင်း နှလုံးအောင့်နေတာ …

ခုမားဆေးတိုက်လိုက်လို့အဆင်ပြေသွားပါပြီ …

သားကိုတွေ့ချင်တယ်တဲ့ … သွားလိုက်ပါ "

ဖန်းဂူ အဖိုးနေနေကြ နောက်ဖေးက အိမ်ငယ်လေးထံလျှောက်လာခဲ့လိုက်တယ် … တဖြးဖြေးနီးလာလေ ဆွေးမြေ့ဖွယ် သံဇဉ်လေးက နားထက်လွင့်ပျံလာပြီး ဖန်းဂူနှလုံးအိမ်လေး ဆူးနင့်လာသလိုပင် …

အသိဉာဏ်တွေထဲက ပြင်းပြတဲ့အမုန်းတရားတွေနဲ့အတူ ဆူးနင့်လှတဲ့နောင်တတရားတွေရောယှက်နေကာ မှတ်ဉာဏ်တွေအားလုံးကရှုတ်ထွေးလွန်းလှတယ် … ဖန်းဂူအိမ်ထဲဝင်လာတော့ သံစဉ်တွေဟာလဲ ရပ်တန့်လို့သွားလေတယ် …

အနက်ရောင်ကုတ်အင်္ကျိရှည်ကိုဝတ်ထားတဲ့အဖိုးက စန္ဒရားတီးနေပြီး ဘေးမှာ အိမ်တော်ထိန်းချူးဖိုးဖိုးကရပ်နေတယ် … ဖန်ဂူအဖိုးရဲ့အနား ဖြေးဖြေးလေးလျှောက်သွားပြီးနောက် ဘေးမှာရပ်လိုက်တယ် …

" သခင်လေး "

ချူးဖိုးဖိုးက ဖန်းဂူကိုလဲမြင်ရော ဦးညွှတ်ကာ နှုတ်ဆက်လာတယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now