ချူးရှန့်က သူ့ရဲ့မျက်မှန်ကိုပင့်တင်လိုက်ရင်း ဒီလောက်ချစ်ဖို့ကောင်းတဲ့ကလေးလေးက မင်းယွီကလေးမှန်းသိလိုက်ရတော့ လုယီလေးကိုပွေ့ချီလိုက်ကာ ...

" ဟုတ်တာပေါ့မြေးလေးရာ ... ဟား "

တစ်စုံတစ်ယောက်ကတော့ သူ့ကိုအဖက်မလုပ်၍ အမြင်ကပ်စွာဖြင့် သူတို့အား ဓားထက် ထက်တဲ့အကြည့်တွေနဲ့ကြည့်နေတာကိုတော့ မသိရှာ ... ခုချိန်မှာ အပျော်တွေကိုခနရပ်ပြီး အရာအားလုံးကိုရှင်းလင်းသွားဖို့အတွက် ချူးရှန့် လက်ထဲက လုယီလေးကိုချကာ မင်းယွီအား ဆွဲခေါ်သွားလေတယ် ...

ဆိုင်ရဲ့အပြင်ရောက်တော့ ခုံလေးတစ်ခုပေါ်မှာထိုင်လိုက်ပြီး ချူးရှန့်က စတင်မေးမြန်းလိုက်တယ် ...

" အဲ့ဒိအချိန်တုန်းက အကိုတို့ အကြိမ်ကြိမ်ရှာဖွေခဲ့ပေမဲ့မတွေ့ဘူး ...

မင်းယွီဘယ်လိုပြန်လာနိုင်ခဲ့တာလဲ "

" ကျွန်တော်လဲသေချာမသိဘူး ... အကိုရှုယွမ်က ကျွန်တော့ကိုကယ်ခဲ့တာလို့ပြောတယ် ...

အဲ့ဒိအချိန်တုန်းက အိမ်မက်ဆိုးတွေပဲမက်နေခဲ့လို့ ကျွန်တော်အားလုံးကို မေ့ပျောက်ဖို့ ကျိုးစားခဲ့မိတယ် ...

တစ်စုံတစ်ယောက်ရှင်သန်နေအုံးမယ်လို့ ကျွန်တော်မတွေးမိခဲ့ဘူး "

" အဲ့ဒါဆို ရှုယွမ်က ဖွက်ပေးထားခဲ့တာပေါ့ ...

ဒီကလေးလေးက မင်းယွီရဲ့ ရင်သွေးလေးလား "

" ဟုတ်ပါတယ် ... ကျွန်တော့သားလေးပါ ...

သူ့နာမည်က ပိုင်လုယီ "

" သားလေးက Daddy မရှိပေမဲ့ ကောင်းကောင်းကြီးပြင်းလာခဲ့တာပဲ ... အကိုဝမ်းသားပါတယ် ...

မင်းယွီလဲမသေသလို သားလေးလဲရှိနေပြီဆိုတော့ အကို့ရဲ့ပူပန်မှုတွေလျော့ကျသွားပြီ "

ထိုအခါမှ ချူးရှန့်ကသက်ပြင်းချလိုက်ပြီး အနောက်ကသူ့သခင်လေးကိုလှည့်ကြည့်လိုက်တယ် ... လုယီလေးကို ကားထဲထည့်ပြီး အမောင်းသင်ပေးနေနဲ့ Daddy နဲ့ ပျော်ရွှင်နေတဲ့သားသားလေးရဲ့မြင်ကွင်းက လှပပေမဲ့ တစ်စုံတစ်ယောက်ကတော့ သတိရမနေခဲ့ပေ ...

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now