အသည်းယားလွန်းလို့ နောက်ကိုလှည့်ကာ ဖြစ်ညစ်ပစ်လိုက်ချင်စိတ်ကို ပြန်ထိန်းလိုက်ရသည်။ မိမိကဘာမှမဟုတ်ပေမယ့် ပိုင်သူဆိုင်သူက စော်ဘွားတစ်ဦးပေမို့။

"ညကျရင် မီးပုံပွဲလုပ်မယ်နော်။

"လုပ်ရော့"

"ဝိုင်လေးလည်း သောက်ချင်တယ်နော်"

"ဝိုင် ?"

"ဝိုင်လေ မသိဘူးလား"

"မျက်နှာဖြူတွေသောက်တာတော့ ကြားဖူးပါရဲ့ လှောင်တော့မထားမိပေသိ၊ ဤအရပ်တွင်တော့ အရက်ဖြူနဲ့ ကစော်သာ ရှိလေရော့၊ ခွန်နှောင်းအလိုရှိရင် .."

"ရတယ်လေ အဲ့ဒါတွေပဲသောက်မှာပေါ့၊ မူးမူးနဲ့ လူကြီးကို ရစ်မယ်လေ၊ မကောင်းဘူးလား"

ရယ်သံတို့က စီရီစွာ ငွေသွယ်တန်းထွက်လာတော့ ကြည်နူးရိပ်တို့က လွှမ်းအပ်ပါသည်။ တောအုပ်မှ ပြန်ထွက်လာသောအချိန်သည်ပင် ညနေစောင်းတော့မည်ဖြစ်ရာ မြင်းဖြင့်အသော့နှင်တော့ ခွန်းနှောင်းက တခစ်ခစ်နှင့် ရယ်မောလို့ကောင်းတုန်းပင်။

သည်ကောင်လေးကျမှ စည်းကမ်းတင်းကျပ်လှသည်ဟု နာမည်သတင်းကြီးသော စော်ဘွားငယ်သည် အလွန်တရာ နူးညံ့စွာ စကားဆိုတတ်သော စဝ်စံဦးသာ ဖြစ်ရလေသည်။

ညနေခင်း နေရောင်ခြည်ဖျော့ဖျော့ ..
အနည်းငယ် စိမ်းအေးသော လေငွေ့ငွေ့တို့ ရစ်သိုင်းနေတတ်သော တောင်ဘက်ပိုင်းလွင်ပြင် ..
ငြိမ်းအေးမှုအစုစုတည်ရာဖြစ်သော ဦးသာရင်ခွင်ထဲမှ ခွန်နှောင်း ..

အရာအားလုံးသည် အစီအစဉ်တကျဖြစ်စွာပင်။

~~~~~~~

"အဲ့လိုပဲ ငယ်ငယ်က စော်ဘွားငယ် ဆိုသည်မှာလေ၊ အကစားလည်း မက်ရော့ လူလေးရဲ့"

အရှေ့ပိုင်းစကားဝိုင်းတွင် မပါဝင်လိုက်ရသောကြောင့် ရေချိုးပြီးပြီးချင်း ထွက်လာသော ဦးသာသည် ဖျင်နီ အင်္ကျီ ကြယ်သီးတို့ကိုတပ်ရင်း မျက်မှောင်ကြုံ့ မျက်ခုံးရှုံ့စွာ မီးပုံဘေးထိုင်နေသော ခွန်နှောင်းတို့ကို လှမ်းကြည့်ပေသည်။

"လာလေ လူကြီး၊ အော် ဒီကြယ်သီးက တပ်ရခက်"

ပြောပြောဆိုဆိုဖြင့်ပင် ဖင်ပေါ့သော ခွန်နှောင်းက ထလာကာ ဦးသာကို ကြယ်သီးလာတပ်ပေးသည်။ စိတ်ထဲတစိုးတစိမျှ ကိလေသာမြူမှုန်မပါဝင်သော်ငြား ဘွားဥတို့က ချောင်းဟန့်ကာ အသိရိုက်သွင်းပြန်လေသည်။

နှောင်းဦးသက်လည်တည်စေအံ့Where stories live. Discover now