Chapter-6 ( Love is infinity number ) part-4

Start from the beginning
                                    



@ @ @ @ @ @ @ @ @ @ @ @ @ @

                           Just A Dreamer
                            A Tu La

                       

part-4

တီ!!တီ!!တီ!!တီ!!တီ!!

စောစောစီးစီး မနက်၈နာရီဟူသောအချိန်တွင်ထွက်ပေါ်လာသောကားဟွန်းတီးသံကြောင့် မင်းသွင်ခန့် တစ်ယောက် အိပ်ခန်းထဲမှ ဝေဝါးနေသောအမြင်များဖြင့် မှုန်ကုပ်စွာထွက်လာလေသည်

" ကိုလေး ခြံရှေ့မှာကားဟွန်းတီးသံကြားတယ် ဧည်သည်တွေလားမသိဘူး "

" သူတို့ရောက်လာပြီထင်တယ် အစောကြီးပဲ သွားဖွင့်ပေးလိုက်အုံးကိုခန့် "

" ဟုတ်ကိုလေး "

@
@
@
" ဟာ Ming Ge စောကြီးပဲဗျာ ကျွန်တော်က နေ့လည်လောက်မှလာမယ်ထင်နေတာ ကိုသော်တာလာပါ ကြွပါခင်ဗျ "

အခြားသောလူများနှင့်မတူကွဲထွက်သွားသောအသွင်ဖြင့်
နှုတ်ဆတ်လာသော ယွန်း၏ ပုံစံကြောင့် မင်းသွင်ခန့်တစ်ယောက် မအူမလည်ဖြစ်သွားရှာပါသည်
ဖြစ်လျှင်လည်းဖြစ်ချင်စရာ
အိမ်ရှေ့သို့အနှီကားရောက်သည်နှင့် ပွင့်လင်းလွန်းစွာသောအပြုံ းကို ပြုံ းကာ နှုတ်ဆတ်လာသော ယွန်း၏ ဟန်ပန် နှင့်အသံချို ချို မှာ ချစ်စရာကောင်းလွန်းသောကလေးတစ်ယောက်ဆိုသည်ထက် အပြစ်ကင်းသော ဖြူ စင်လွန်းသောကလေးငယ်တစ်ယောက်နှင့်တူလေသည် ဒါဟာ သူတို့CEO Marco တစ်ဖြစ်လဲ ယွန်း၏ ပုံစံအမှန်များလား

ပုံမှန်ဆို ရေခဲရိုက်ထားသောအပြုံ းပိုင်ရှင်မှာ
နှစ်လိုဖွယ်ကောင်းသော
အပြုံ းပန်းအားဆင်မြန်းထားပြီး
အခြားသောသူများနှင့်အသားချင်းထိကပ်ရ မှာ အင်မတန် ဇီဇာကြောင်လွန်းသောလူသားမှာMing Ge ဟု ဆိုကာ ပြေးဖက်လိုက်ပုံမှာ အင်မတန်အပြစ်ကင်းလွန်းပြီးဖြူ စင်လွန်းသော ကလေးငယ်တစ်ယောက်နှင့်မခြား အနှီ
Ming Ge ဆို သောသူ မှာလည်း ပြန်လည်ပွေ့ဖက်လိုက်ပြီး စကားတစ်ပြောပြောနှင့် အိမ်ထဲသို့ဝင်သွားလေသည်
မြန်မာကျောက်မျက်လောက၏ ဈေးကွက် ကို
ချု ပ်ကိုင်ထားသော နေနှင့်လကျောက်မျက် ကုမ္ပဏီမှ CEO သော်တာ တစ်ဖြစ်လဲ
Daniel Antoneo ဟုအမည်ရသောထိုလူကြီးမှာတော့ အထုတ် ကလေးများဆွဲကာ အနောက်မှလိုက်ပါသွားလေတော့သည်

" ဪ မေတ္တာ! မေတ္တာ! မေတ္တာဆိုတာ လူတွေရဲ့ မျှော်လင့်ချက်မဲ့နေတယ့် ခန္ဓာကို မျှော်လင့်ချက်တွေအိပ်မက်တွေကို သယ်ဆောင်လာပေးတယ်လို့ ကိုလေးပြောတာ ဒါ့ကြောင့်ကို "
@
@
" ကိုခန့် ကျွန်တော်မိတ်ဆတ်ပေး မယ် ဒါက ကျွန်တော်ကိုဒီခြံကြီးရအောင်ကူညီပေးတယ့် ကျွန်တော့်ရဲ့ Ming Ge မြန်မာနံမည်က သူရိန်မဂ္ဂ Ming Ge ဒါက ကျွန်တော်ရဲ့လူယုံ မင်းသွင်ခန့် ကိုခန့် ကျွန်တော်တို့ မြန်မာပြည်မှာနေနေသရွေ့ Ming Ge က ကျွန်တော်တို့နဲ့ နေလိမ့်မယ် Ming Ge ဘေးက အကိုကတော့  တော့မိတ်ဆတ်ပေးစရာထွေထွေထူးထူးမလိုဘူးထင်တယ် သူက Ming Ge ရဲ့ တစ်ဦးတည်းသော မူပိုင်ရှင်ကြီး ကိုသော်တာ ဟုတ်တယ်မှတ်လားကိုသော်တာ "

ယွန်း၏ စနောက်လာသောစကားများကြောင့် ကိုသော်တာ မှာ မျက်နှာကြီးရဲလာပြီး ခေါင်းကြီးငုတ်ကာ အရှက်ပြေ လည်ပင်းအားပွတ်သတ်နေလေတော့သည်
အလုပ်နှင့်ပတ်သတ်လာလျှင် ပြတ်သားပြီးတိကျ လွန်းကာ စည်ကမ်းအင်မတန်ကြီးသည်ဟူ၍  နံမည်ကြီးသော အနှီလူသား မှာ အချစ်ကြောင့်  ကြောင်ပေါက်လေးတစ်ကောင်နှယ်ဖြစ်သွားလေသည် အချစ်ရဲ့တန်ခိုးဟာ ထူးဆန်းလွန်းပေသည်

" မေတ္တာက မျှော်လင့်ချက်တွေသယ်ဆောင်လာပေးတတ်ပင်မယ့် အချစ်ကလည်းတစ်ကယ်သာချစ်မိသွားရင် ကလေးလေးတစ်ယောက်လိုဖြစ်သွားတတ်တယ်လို့ ကိုလေးပြောခဲ့တာလည်းဒါ့ကြောင့်ကို "

@ @ @ @ @ @ @ @ @ @ @ @ @ @

update မှန်ပါတော့မယ်နော် ရှေ့ရက်တွေက အိမ်ပြောင်းအိမ်ရွှေ့တွေနဲ့မို့ မအားလို့ပါ သင်ရိုးသစ်သင်တန်းက တတ်ရတယ် ညဆို စာလည်းသင်ရသေးတာမို့ ဒီရက်ပိုင်းမအားမလပ်ဖြစ်သွားတာတစ်ကယ်တောင်းပန်ပါတယ် follower ကတစ်ယောက်တောင်လျော့သွားတယ်  ကိစ္စမရှိပါဘူး ရှိတယ့်သူလေးတွေရှိသလောက်နဲ့အားပေးလည်းဒီအကြောတင်းကဆတ်ရေးမှာပါ
                           Just A Dreamer
                            A Tu La

                       

Love From Singapore Chinatown( completed)Where stories live. Discover now