Chapter -4 (Little India )

115 23 7
                                    

Chapter -4 (Little India )

မဆလာနံ့ခပ်သင်းသင်းက သည်ခေတ်အာရုံအတွင်းသို့ ထိုးဖောက်ဝင်ရောက်လာသည်မို့ နှာခေါင်းလေးအသာရှံ့လိုက်ကာ ဘေးနားရှိကလေးငယ်အားအသာလက်တို့လိုက်ပြီး

" ညီ ဒီနားတစ်ဝိုက်က မဆလာနံ့တွေပြင်းတယ်နော် "

သည်ခေတ်နှာခေါင်းရှံ့ကာပြောလာသည်ကိုယွန်းတစ်ယောက် ဟန်ပါပါနှင့်ရယ်လိုက်မိလေသည်
ယွန်းရယ်လည်းရယ်ချင်စရာပေ ရောက်နေသောနေရာသည်ကား Little India ဟုခေါ်သော အိန္ဒိယလူမျိုးများ၏ ဈေးငယ်လေးတစ်ခု
အိန္ဒိယအစားအစာတို့၏  ရိုးရာဟင်းခေတ်
အမွှေးအကြိုင်ဆိုင်များမှာလည်း
ဆန်စေ့လေးများမြေပြင်ပေါ် ပြန့်ကြဲနေသည့်အလား နေရာတိုင်းတွင်လက်ညိုးထိုးမလွဲ

" အကိုကလည်း မျောက်သားစားချင်မျောက်မျက်နှာကြည့်လို့မရဘူး လေ အိန္ဒိယဈေးလာပြီး မဆလာအနံ့မခံနိင်လို့ရမလား လာခဲ့ မေမေက ဒံပေါက်ကြိုက်တယ် ဒံပေါက်သွားရအုံးမယ် "

ပြောလည်းပြောရယ်လည်းရယ်ကာ သည်ခေတ်လက်ကိုကိုင်လျက် ဒံပေါက်ဆိုင်ရှိရာသို့သာယွန်းဦးတည်လိုက်လေတော့သည်

@
@
@
@

" ပြီးပြီလားညီ "

ယောကျာ်းပြီးသပြီး ဆွဲမက်ဖွယ်ကောင်းလွန်းသောနှာတံ
ရှည်ရှည်လေးအားလက်ဖြင့်အုပ်ကာပြောနေသူသည်ခေတ်ကြောင့် ယွန်းတစ်ယောက်အားလည်းနာမိသလို စိတ်ထဲမှလည်းရယ်ချင်မိသည် တတ်လည်းတတ်နိင်သောလူကြီးသည်ခေတ်သော်တာမှာ ဒံပေါက်ကရသောအနံ့အပြင် တစ်ဖက်ဆိုင်မှ ပြန့်လွင့်လာ မဆလာနံ့ မပျို့ ရုံတစ်မယ် သာဖြစ်နေကြောင့် ငွေအမြန်ချေကာ ထိုအနားမှ လျှင်မြန်စွာထွက်လာလိုက်လေတော့သည်
@
@
@
" အကို သူတို့ဆိုးထားတာလေးတွေလှတယ်နော် "

ဒံပေါက်ဆိုင်မှထွက်လာပြီး
တစ်နေရာအရောက် ကလေးငယ် ရုတ်တရက်ဆိုသလိုငေးပြီးပြောလိုက်သည့်စကားကြောင့် သည်ခေတ် ကလေးငယ်ငေးမိရာနေရာသို့ ကြည့်လိုက်သောအခါဝယ်
လူငယ်ကောင်မလေး များ အစီအရီထိုင်ကာ
လက်ပေါ်တွင်ဆေးရောင်လေးများဖြင့် ပန်းကနုတ်များ ဆွဲနေကျသည့်မြင်ကွင်းကြောင့်
သည်ခေတ် ကလေးငယ်၏ ဆန္ဒကိုရိပ်မိသွားပြီး လက်ဖုဝါးနုနုအား အသာကိုင်လိုက်ကာ  အနှီမိန်းကလေးများ၏ နေရာသို့ ဦးတည်လေတော့သည်
@
@
@
" အကိုဒန်းဆိုးတယ့်
အထုတ်တွေဝယ်ပြီးဘာလုပ်မို့လဲ "

Love From Singapore Chinatown( completed)Where stories live. Discover now