ခေါင်လေးသည် နားထောင်နေရင်း မာသောအသည်က မခိုင်စွာပဲ မျက်ရည်လေးဝေ့ဝဲမိသည်။ အတိတ်အကြောင်း တွေနဲ့ပတ်သတ်ရင်ဘယ်လောက်ပဲ မေ့ဖို့ကြိုးစားကြိုးစား
နဲနဲလေးပြန်အစဖော်လိုက်မိတာနဲ့ ရင်ထဲနင့်နေအောင် ခံစားတတ်ရမြဲလေသည်။

"ကျွန်တော်က ခင်ဗျားရဲ့ Idea Person လား?"

မေးခွန်းမမည်သောမေးခွန်းဖြစ်သည့် ထိုတစ်ခွန်းကိုသာ သူပြောပြီး နီရဲတတ်လာသောမျက်ရည်ကိုပြန်လည် သိမ်းဆည်းကာ....

"ကျေးဇူးပါပဲ ...ကျွန်တော့်ဘယ်တုန်းကမှ မထင်ခဲ့ဘူး။ လူတစ်ယောက်ရဲ့ idea Person ဖြစ်လာဖို့ပေါ့။ အခုလိုသတ်မှတ်ပေးတာ ကျေးဇူးပါပဲ။ ကျွန်တော်တို့ရဲ့ အချစ်ဇာတ်လမ်းလေးကို လိုက်ပါစီးမျောပေးတဲ့အတွက် တကယ် ထပ်ပြီးတော့ကျေးဇူးတင်ပါတယ်။ နှိုင်းကို ကျွန်တော် ဘယ်တော့မှဘာအကြောင်းနဲ့မှ မထားခဲ့တော့ပါဘူး။ နှိုင်းမျက်ရည်တစ်ပေါက်ကျရင် ကျွန်တော့်နှလုံးသားလည်းတူနဲ့အထုခံရသလိုပဲ
နာကျင်ရပါတယ်။.... ဘာလုပ်လုပ် အသိပေးဖို့ကျတော့ အင်...အဲ့တာတော့ ကတိမပေးနိုင်သေးဘူး။တစ်ခါတလေ နှိုင်းကအရမ်းစိုးရိမ်တတ်တော့... တစ်ခုခုဖြစ်မှာ ကျွန်တော်ကြောက်တယ်။ဒါပေမယ့် ကျွန်တော်
ဘယ်သွားသွားနှိုင်းကို ခေါ်သွားပါတယ်။ အခုတောင် အပြင်မှာပါတယ်...ကျွန်တော်ပြီးရင် သူလာလိမ့်မယ်"

ခေါင်လေးသည် စကားပြောခဏရပ်သွားပြီး....

"ခင်ဗျားလည်း  သူငယ်ချင်းတွေ...မိသားစုတွေအပေါ်မှာ လုံခြုံမူပေးနိုင်တဲ့သူ ဖြစ်ပါစေ.....ကျွန်တော်ဆုတောင်း ပေးပါတယ်။ ကျွန်တော့်လိုပဲနားလည်မူအပြည့်
ပေးနိုင်တဲ့ ချစ်သူကောင်းကိုတွေတဲ့အခါ
ရှောင်မပြေးပဲ ရဲရဲရင့်ရင့် ချစ်လိုက်ပါ....
ကျွန်တော်ကတော့.. အခုနှိုင်းလက်ကိုမလွတ်တမ်း ဆုပ်ကိုင်ထားပြီး ရှိသမျှအချစ်တွေအကုန်ပုံပေးထား ပါတယ်။နှိုင်းပျော်အောင်လည်း ကျွန်တော် လုပ်ပေး နိုင်လာပြီ။အဲ့ဒီအတွက်... ကျွန်တော့်ကို ခင်ဗျားတို့
စိတ်ချလို့ရပါတယ်"

နှိုင်းသည် မျက်ရည်လေးဝေ့နေရင်း ငိုသံလေး တစ်ချက် ရှိုက်ကာ... မောင့်လက်မောင်းကို ကိုက်ပြစ်လိုက်ပါသည်။
ထိုအခါ ကျိတ်ခံရင် သွားလေးတွေစိကာရယ်ပြနေသည့် မောင်ကြောင့် မျက်စောင်းသေးသေးလေးထိုးမိပါ၏။ ဒီရင်မှာ အချစ်တွေ.. မသိမမြင်ခဲ့ရသမျှ...သူများပြောလို့
ပြန်ကြားရလျှင် နှိုင်းစိတ်မကောင်းဖြစ်ရသည်။ အရင်က မောင်မချစ်ဖူးထင်ခဲ့သောမိမိစိတ်တွေအတွက် လည်း အားနာစိတ်ဝင်မိတာ အမှန်ပင်။

Black Memory(U+Z)(Completed )حيث تعيش القصص. اكتشف الآن