Chapter - 58 ( 👪💕👼 )

Start from the beginning
                                    

" သားလေးက လူစိမ်းတယ် ... သူနဲ့အသိမဟုတ်တဲ့လူတွေဆို လွယ်လွယ်နဲ့လိုက်မှာမဟုတ်ဘူး ...

ခုလောက်ဆို သားလေးငိုနေမလား ... ကျွန်တော့ရင်ဘက်တွေအောင့်လာပြီ "

ဆိုင်ရှင်အမျိုးသမီးက မင်းယွီကို ဆိုင်တွင်းတို့ပြန်ခေါ်လာပြီး အမောပြေအောင်ရေအေးအေးလေးတစ်ခွက်တိုက်လိုက်တယ် ...

" ဒီလမ်းက လူကြီးလူကောင်းတွေပဲသွားကြတာ ... ကလေးကိုကြောက်အောင်ခြောက်လှန့်မဲ့လူတွေလဲမရှိဘူး ...

Yi Yi က ပစ္စည်းရပြီးပျော်နေတာဆိုတော့ အပြင်ထွက်ကစားရင်း တစ်ယောက်ယောက်က မျက်စိလည်နေတာထင်ပြီး ခေါ်သွားတာလဲဖြစ်နိုင်တာပဲ "

ဆိုင်ရှင်က ဖြစ်နိုင်ခြေရှိတာများကို အမျိုးမျိုးပြောပြရင်း နောက်ဆုံး မင်းယွီကိုအငိုတိတ်အောင် လုပ်နိုင်ခဲ့တယ် ... ခနကြာတော့ သူမခေါ်ထားတဲ့ ရဲတွေရောက်လာကြတယ် ...

" မပူနဲ့တော့ ... အရာရှိတွေရောက်လာကြပြီ ...

သူတို့က သားလေးကို ရှာဖွေပေးလိမ့်မယ် "

ရဲတွေက ပျောက်သွားတဲ့သားလေးအကြောင်းပေးပြီး ဒီဆိုင်ထဲကနေ ပျောက်သွားတာဆိုတော့ ဆိုင်ရဲ့ Cctv တွေကိုစတင်စစ်ဆေးတယ် ... ထိုထဲကမှ လုယီလေးမပြင်ပြေးထွက်သွားတာကို ရှာတွေ့သွားပြီး အပြင်ဘက်က Cctv ကိုထပ်မံစစ်ဆေးပြန်တယ် ...

ကံဆိုးတာက ရှေ့တည့်တည့်က ကင်မရာကအလုပ်လုပ်ပြီး လမ်းမပေါ်မြင်ရတဲ့ကင်မရာက ပျက်နေတယ် ... လုယီလေးကို ကားတစ်ခုပေါ် တင်ခေါ်သွားတာ တွေ့လိုက်ရပေမဲ့ ကားနံပါတ် ကားပုံစံအနေအထား လူရဲ့မျက်နှာကိုမမြင်ရ၍ ရှာဖွေဖို့ လမ်းစပျောက်သွားရပြန်တယ် ...

ရဲတွေက စိတ်မပူနဲ့တခြားနည်းလမ်းနဲ့ရှာဖွေမယ်ပြောပေမဲ့ မင်းယွီစိတ်မအေးနိုင်ခဲ့ဘူး ... ထိုခေါ်သွားတဲ့လူက သားလေးကိုအန္တရာယ်ပေးပြီး သတ်ဖြတ်ပြစ်ရင် သူပါရင်ကွဲပြီး သေဆုံးရလိမ့်မယ် ...

ရှုယွမ်က အလုပ်တွေရှုတ်နေရင်းကြားက ကလေးပျောက်တဲ့အမှုမှာ ပျောက်ဆုံးနေတဲ့ ကလေးက လုယီမှန်းလဲသိရောအားလုံးကိုထားခဲ့ကာ အပြေးလေးရောက်လာခဲ့လေတယ် ...

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now