"ကျင်းရီ ပုရွက်ဆိတ်က ရှေ့သွားပါတာလား။"

"ငါမှ ပုရွက်ဆိတ် ပါးစပ်ဟတာမမြင်ဖူးတာ။"

ကလဲ့စားပြန်ချေလိုက်ရ၍ ရှောင်းကျန့်ကတော့ ပြုံးစိစိနှင့်။

🚘🚘🚘🚘🚘🚘🚘

ရိပေါ် ကားမောင်းနေရင်း အနောက်မှ ကားတစ်စီးကနောက်ယောင်ခံလိုက်နေသည်ကို သတိထားမိလိုက်သည်။ ရိပေါ်အရှိန်မြှင့်တော့ ထိုကားကလဲ အရှိန်မြင့်လာသည်။ မီးပွိုင့်တွင်မျက်​ချေပြတ်သွားပြီးမှ လမ်းအကွေ့တစ်နေရာတွင် ပြန်ပေါ်လာပြီး ဘေးတိုက်ကြီးဝင်တိုက်သွားသည်။

"ဒုန်း!!!"

ရိပေါ်၏ကားလေး လမ်းဘေးပလက်ဖောင်းပေါ်သို့ ရောက်သွားသည်။ ထို့နောက်ထိုကားထဲမှ မျက်နှာဖုံးစွပ်ထားသည့် လူတစ်ယောက်ထွက်လာကာ ကွဲကြေနေသော ကားမှန်ပေါ် တွင် first warning ဟူသောစာလုံးကို ဆေးနီဖြင့်ရေးသွားပြီး ကားမောင်းထွက်သွားသည်။ ကံကောင်း၍ ရိပေါ်မှာ နဖူးကွဲပီး လက်တွင်မှန်စအနဲငယ် စိုက်မိသည်မှအပ ကြီးကြီးမားမားမဖြစ်လိုက်။

"ဘာကောင်တွေလဲကွာ။"

🌃🌃🌃🌃🌃🌃

"အား...အပြင်မှာအေးလိုက်တာ။"

ရှောင်းကျန့်တစ်ယောက် အမှိုက်ထုပ်ကြီးဆွဲလျက် အိမ်အပြင်ထွက်လာသည်။

"ဟင် ဝမ်ရိပေါ်အခုမှပြန်လာတာလား။"

"အင်း"

"မင်းနဖူးမှာ သွေးတွေမင်းဒဏ်ရာရလာတာလား။"

"အင်းနဲနဲပါ"

"သွားသွားမင်းအခန်းထဲပြန်နှင့် ငါလိုက်လာခဲ့မယ်။"

ခဏကြာတော့ ရှောင်းကျန့်ဆေးအိတ်ကြီးဆွဲလျက် ရိပေါ်အခန်းထဲ လိုက်လာသည်။ ရှောင်းကျန့် အရက်ပျံဖြင့် ဒဏ်ရာများကို ပိုးသတ်လိုက်သည်။ အကြောတင်းလေးက တစ်ချက်မျှပင် တွန့်မသွား။

'ဒီလောက်နုတဲ့ မျက်နှာလေးကိုကွာ ဘယ်သူများဒဏ်ရာရအောင် လုပ်လိုက်တာလဲ။အမာရွတ်ကျန်သွားရင် ဘယ်လိုလုပ်မလဲ ငါ့ကလေးလေး။ Wait what! ငါ့ကလေးလေးတဲ့လား။ ရှောင်းကျန့်မင်းတော့ ရူးသွားပြီ'

My Dear Enemy (Season1 Completed)Where stories live. Discover now