Part 2

841 80 5
                                    

#Zawgyi

ယွင်ဆတ် တစ်ယောက် ကျောက်ရုပ် ပမာ ငုတ်တုတ်
ထိုင်ပြီး  အသက် ဖြေးဖြေး ရူနေရသည်

အလွန်တရာ ရှက်ရွံ ကြောက်လန့်တတ်သော ယုန်ဖြူ လေးတစ်ကောင်ဘေးတွင် ခြင်္သေ့တစ်ကောင် ငုတ်တုတ် ထိုင်နေသကဲ့သို့ပင်

ခေါင်းကို မသိမသာ လှည့်ပြီး ခိုးကြည့်လိုက်သော်
ထို လူကြီးသည် ကျကျနန မတ်မတ်ထိုင်ကာ စာအုပ်တစ်အုပ်ကို ဖတ်နေသည်

"ဒီလူ ရူးနေတာလား မသိဘူး နေကာ မျက်မှန်တပ်ပြီး
စာအုပ်ဖတ်နေတာ ...သြော် လူတွေများ ရှိုးထုတ်ချင်နေတာကိုများ..."

စိတ်ထဲတွင် ကြိတ်မှိတ်တွေးလိုက်ပြီး ခေါင်းခါလိုက်သည်

ယွင်ဆတ် နံဘေးတွင် ထိုင်နေသောသူသည်
အခြားသူသာဖစ်လျှင် ကျိန်းသေ ယွင်ဆတ်က်ု စကားဖောင်ဖွဲ့ ပြောမှာ သေချာသည်

ပြောရင်လည်းပြောချင်စရာပင် လူကို ခိုးကြည့်နေတာကလည်း သူ့အတွက်တော့ ခိုးကြည့်တာပေါ့
ခိုးကြည့်ခံရတဲ့ သူအတွက်က တကယ့် ပေါ်တင်ကြည့်နေသလိုပင်...

ကြာချိန် ၆နာရီခန့်ရှိသော ခရီးစဉ်တွင် သူငယ်ချင်းများ ဖြင့်သွားလျှင် စကားပြောလိုက် မုန့်စားလိုက်ဖြင့် ပျော်ရွင်မည်မှာ အမှန်ပင် သို့ပေမဲ့ ယခုကဲ့သို့ တည်တံ့ကာ တုတ်တုတ်မလှုပ်သော လူချောကြီးနှင့်သွားရသည်မှာတောာ့ ပျော်စရာမကောင်းပေ...အသက်ရှုနေသောကြောင့်သာ အသက်ရှိသည်ဟု ထင်ရတယ်

နံဘေးတွင်ထိုင်ကာ မိမိအား ခန ခန ကြည့်နေသော
မျက်မှန်အဝိုင်းဖြင့် ကလေးပေါက်စန ကြောင့်  အနေခက်လှတယ်

မိမိသည် မရေမတွက်နိုင်သော လူတွေကို သတ်ပစ်ခဲ့တယ် အသနားခံနေသော မိမိ၏ ကလေးကို ချမ်းသာပေးရန် တောင်းပန်နေသော မိဘ များ၏ မျက်နှာကို စေ့စေ့ကြည့်ပြီး ကလေးကို သတ်ပစ်ခဲ့တာတောင် မည်သ်ု့မျှ မခံစားရပေ

ဒါပေမဲ့ အဲ့ကလေး မိမိနှင့် အတူထိုင်နေသော ထို ကလေးရဲ့ ခိုးကြည့်တာကို မှ ဘာလို့ အနေခက်နေရတာလဲ

ကိုယ့်ကို ကိုယ်တောင် ရယ်ချင်မိတယ်....

ဖက်လက်စ စာအုပ်ကို ပိတ်ပြီး ဘေးကို တစ်ချက် ကြည့်လိုက်မိတော့

My class teacher is mafiaWhere stories live. Discover now