"ငါလည်း ကြားတယ် ..."

အိမ်ထဲမှာ ဂေါက်ကျင်း အငယ်လေးနဲ့ ဂေါက်ရိုက်နေတဲ့ လင်းရဝေ ကလည်း ဝင်ပြောလာ၏။

"ဒါဆို ငါ တစ်ယောက်ထဲ မကြားမိတာလား ..."

"မင်း နားလေးနေလို့ ဖြစ်မှာပေါ့ ..."

လင်းရဝေက ပြောပြီး ရီနေ၏။ ပြီးတော့ ဂေါက်သီးကို ချိန်ရိုက်ဖို့ ကြိုးစားလိုက်သည်။

"လွဲပါစေ ..."

ကောင်းသစ်လွင်ရဲ့ ကျိန်ဆိုမှုက ထိရောက်၏။ လင်းရဝေ ကျင်းမဝင်ဘဲ လွဲသွားလေသည်။

"ဒီလဒ ကတော့ ..."

ရဝေ ထဆဲတော့ ကောင်းသစ်လွင်က ပုခုံး နှစ်ဖက် မြှောက်ပြပြီး မျက်နှာပြောင်နေ၏။

"ကဲ မင်းပြောမှာကိုသာ ဆက်စမ်းပါ ကောင်းရာ ..."

မိုင်းရဲ့ စိတ်မရှည်မှုကြောင့် ကောင်းသစ်လွင်က စကားကို ပြန်ဆက်လိုက်လေသည်။

"သူ့အကြောင်းက ဘာမှ သိပ်ထွေထွေ ထူးထူး မရှိပါဘူး သာမန်ပဲ ...မိဘမဲ့ တစ်ကောင်ကြွက် ဘာကြောင့် မိဘမဲ့ ဖြစ်နေသလဲ ဆိုတာတော့ အဲ့အထိ ငါမစုံစမ်း လာခဲ့ဘူး ...မလိုအပ်ဘူး ထင်လို့..."

"အင်း ပြီးတော့ရော ..."

"အချိန်ပိုင်း အလုပ်တွေနဲ့ သူ့ဘဝ သူရပ်တည်တယ် ...အိမ်ပိုင်မရှိဘူး အဆောင်တစ်ခုမှာ ငှားနေတယ် ...အရင်းနှီးဆုံး သူငယ်ချင်း ဆိုတာလည်း မရှိဘူး ဒီအတိုင်း အတန်းဖော် သူငယ်ချင်း‌တွေ လောက်ပဲ ရှိတယ် ...သူက တစ်ယောက်ထဲ နေတာ ပိုများတယ် ...ဒါပဲ ..."

"ပြီးပြီလား ..."

"အေး ..."

"ဘာမှ စိတ်ဝင်စားစရာလည်း မရှိဘူး ..."

နီနီက ထိုင်နေရာကနေ ထလာပြီး ကောင်းရဲ့ ဘေးက ဆိုဖာခုံမှာ လာဝင်ထိုင်ရင်း ပြောလိုက်သည်။

"သူ့ဘဝ အကြောင်းကတော့ ဘာမှ စိတ်ဝင်စားစရာ မရှိဘူး ...ဒါပေမယ့် လူကတော့ ..."

"ဘာဖြစ်လဲ လူက ..."

မိုင်းက ပန်းချီကားဆီကနေ အကြည့်လွှဲ၍ ကောင်းကို လှည့်ကြည့်လာ၏။

"သူ့အပြုအမူတွေလေ ...မင်းတို့လည်း မြင်တာပဲ မဟုတ်လား ...သူက သာမန်မှ မဟုတ်တာ နည်းနည်း ရူးကြောင်ကြောင် နိုင်တယ် ..."

သဏ္ဍာန်ဆန်းWhere stories live. Discover now