"အဲ့ဒါပြောတာပေါ့ ရုတ်တရက်ကြီး သူက နီနီသစ်လွင်ကို တမ်းတမ်းစွဲ လိုက်ကပ်နေတာ ...နီနီသစ်လွင် နောက်ကို တကောက်ကောက် လိုက်တယ် ...ပန်းစည်းတွေ လက်ဆောင်‌ ပစ္စည်းတွေ နေ့တိုင်း သွားပေးတယ်တဲ့ ..."

"နီနီသစ်လွင် ဘက်ကရော သူ့ကို လက်ခံလား ..."

"အလိုက်အထိုက်တော့ ဆက်ဆံမှာပေါ့ဟ ...သူ့ကို လိုက်နေတဲ့ ကောင်တွေကို ဒီလိုပဲ ဆက်ဆံနေကြပဲလေ သူက ...fanတစ်ယောက်ကို celeတစ်ယောက်က လက်ခံတာထက်တော့ ပိုမှာမဟုတ်ဘူး ..."

"အေးလေ ကျောင်းရဲ့ အလှနတ်ဖုရားမကို လွယ်လွယ် လိုက်လို့ ရနိုင်မယ်ဆိုရင် ကိုခန့်သော်ကြီးက ဒီကျောင်းမှာ ဆရာတဆူ အဖြစ် တင်မြှောက်ခံရလိမ့်မယ် ..."

မေဂျာရဲ့ နတ်သမီး နီနီသစ်လွင်ကို လိုက်လို့ရတဲ့ ကျောင်းသားဆိုတာ အခုထိ မရှိသေးပေ။

"နီနီသစ်လွင်က သူ့ကို လိုက်နေတဲ့ ကောင်တွေကို ဘယ်ငဲ့ကြည့်မလဲဟ ...သူ့ဘေးမှာက ဆီဇာနေရဇ္ဇတို့ လင်းရဝေတို့လို လူတွေ ရှိနေတာကို ...ငါထင်တာ နီနီသစ်လွင်က အဲ့ဒီ့ နှစ်ယောက်ထဲက တစ်ယောက်နဲ့ အချိန်တန်ရင် တွဲလိမ့်မယ် ထင်တယ် ..."

"သူတို့ တွေက သူငယ်ချင်းတွေလေ... သူငယ်ချင်း အချင်းချင်း ပြန်တွဲမလားဟ ..."

"သူငယ်ချင်း အချင်းချင်း မတွဲရဘူးလို့ ဘယ်ဥပဒေက ထုတ်ထားလို့လဲ ..."

"အေးလေ ဒီလောက်လှတဲ့ ကျောင်းရဲ့ နတ်သမီးကို မကြွေဘူးဆိုရင် အဲ့ဒီ့နှစ်ယောက်က gay နေတာပဲ ဖြစ်မယ် ..."

ခန့်သော်အကြောင်း ပြောနေရာကနေ နီနီသစ်လွင်တို့ အကြောင်းကို ရောက်သွားတဲ့ စကားဝိုင်း။

"Gay နေတယ် ဆိုရင်လည်း လင်းရဝေနဲ့ ကောင်းသစ်လွင် တို့ပဲ ဖြစ်လိမ့်မယ် ...ဆီဇာနေရဇ္ဇတော့ လုံးဝ မဖြစ်နိုင်ဘူး ..."

"ဘာလို့ အတိအကျလဲ ..."

"ဒီရုပ်ရည် ဒီအရပ်အမောင်း ဒီခန္ဓာကိုယ် အချိုးအစားမျိုးနဲ့ gay မယ်ဆိုတာ မဖြစ်နိုင်ဘူး ..."

ယောင်္ကျားလေးချင်း ချီးမွမ်းပြောဆို ရလောက်အောင် ဆီဇာနေရဇ္ဇရဲ့ ဖြစ်တည်မှု အစိတ်အပိုင်းတွေက ဒီလို ထူးကဲနေခဲ့လျက်။

သဏ္ဍာန်ဆန်းWhere stories live. Discover now