Part -1

46 4 0
                                        

Krist pov:

Ring Ring..
"အားး 8နာရီ? နောက်ကျပြန်ပီလားဟ"
နောက်ကျမှထတာကအကျင့်တစ်ခုဆိုရင် အဲ့လိုရေရွတ်တာကလည်းနောက်ထပ်အကျင့်တစ်ခုပဲ UKမှာနေလာတာတစ်နှစ်နီးပါးရှိနေပေမယ့် ကျောင်းမနောက်ကျတဲ့ရက်လည်းတစ်ရက်မှမရှိ ထုံးစံအတိုင်းtoasterထဲကိုပေါင်မုန့်နှစ်ချပ်ထည့်ပီး အဝတ်အစားအမြန်လဲရသည် ကော်ဖီတစ်ခွက်နဲ့ဒီပေါင်မုန့်လေးနှစ်ချပ်... ဒီလိုမနက်စာမျိုးကိုသူမနှစ်သက်..အင်း ဒီမှာလည်းပျော်လွန်းလို့နေနေတာမှမဟုတ်ပဲ ထားပါတော့ အပေါ်ဝတ်jacketလေးကိုကောက်ဝတ်ပီးအတန်းချိန်မီအောင်ပြေးရအုံးမယ်

ကျောင်းကလည်းအိမ်နဲ့ သိပ်မဝေးတာကြောင့်လမ်းပဲလျှောက်ဖစ်နေကြ ပတ်ဝန်းကစိမ်းလန်းအေးချမ်းပီး နန်းဆန်သည် ရှေးခေတ်စတိုင်အဆောက်အဉီးတွေနဲ့အုံ့မှိုင်းရာသီဉတု..ဒါကဒီနေရာနဲ့ပတ်သက်ပီးသူကြိုက်တဲ့တစ်ခုတည်းသောအရာ..ဒီနေရာနဲ့ပတ်သက်ပီးစိတ်အပျက်ရဆုံးကတော့ သူတို့ကasianဆိုတစ်စက်မှအထင်မကြီး အထင်မကြီးတာကသူ့အတွက်အရေးမဟုတ်ပေမယ့်ခွဲခြားဆက်ဆံခံရတာတော့ တော်တော်စိတ်ပျက်သည်
"အရေးထဲ မိုးကကျပြန်ပီကွာ”စိတ်ပျက်လက်ပျက်ညီးတွားလိုက်ရင်း jacketကဉီးထုပ်ကိုဆောင်းလိုက်သည်
သိပ်တော့မထူးဆန်းလှ ဒီမှာနေကတည်းက မိုးနဲ့အသားကျလာတာ ရာသီအချိန်အခါမရွေးရွာနေတာနည်းနည်းစိတ်ပျက်ဖို့ကောင်းပေမယ့်သိပ်မှမသည်းတာပဲကိစ္စမဟုတ်ပါဘူး
ကျောင်းရောက်တာနဲ့သက်ဆိုင်ရာclassရှိရာအပြေးအလွှားသွားရသည်
Krist:'Sir,may I come in?I'm sorry I'm late.I promise this won't happen again.”
Sir:I think your promises are mean't to be broken,Mr Perawat.Come in.
သွားဖြဲပြရုံအပြင်ဘာမှမတတ်နိုင်တော့လည်းသွားပဲဖြဲပရတာပေါ့ နောက်နေ့လည်းထပ်နောက်ကျမှာပဲကို😂

သူငယ်ချင်းဆိုလို့လည်းမရှိ ညနေဆိုအခန်းထဲမှာပဲခွေနေရတဲ့သူ့အဖို့ ထမင်းစားဆင်းချိန်ဆိုသူငယ်ချင်းအသစ်ရှာရတာကအလုပ်တစ်ခုလိုပါပဲ လင်ဗန်းကိုင်ပီးဟိုဟိုဒီဒီပတ်ပီးကြည့်နေတုန်း ကောင်လေးတစ်ယောက်ထမင်းစားနေတာနေတာတစ်ယောက်တည်း... သူလည်းတစ်ယောက်တည်းကိုယ်လည်းတစ်ယောက်တည်းဆိုတော့
K:Hey
:Hey
K:I haven't seen you around here.
:I'm a new student.Let's be friends.
K:Oh,you are my very first friend here.
: Why?They don't want to be friends with
me because I'm black.But you are..
K:Because I'm a bloody asian.
နှစ်ယောက်သားနားလည်းပြုံးလေးကိုယ်စီပြုံးလိုက်မိကြသည် သူတို့ကတမင်ရှောင်နေကြတာတော့မဟုတ်ပေမယ့် သူတို့နဲ့ကိုယ်တွေအံဝင်ခွင်ကျမရှိလှ တကယ်တော့သူတို့အပြစ်လည်းမဟုတ်ပါဘူး သူတို့လည်းကြိုးတော့ကြိုးစားကြည့်ကြတာပဲ ဒါပေမယ့်stereotypeတွေကိုတော့မကျော်လွှားနိုင်ခဲ့ကြဘူး
K:Anyway,I'm Krist.Krist Perawat
:Dave Franklins

KristပထမဆုံးသတိထားမိတာကDaveရဲ့ရဲရင့်တဲ့မျက်လုံးတွေ..သူ့မှာအားငယ်ရိပ်တွေမရှိဘူး ယုံကြည်မှုရှိတယ် ခင်မင်နှစ်လိုရိပ်တွေရှိတယ် သူ့မျက်လုံးမှာရောအဲ့လိုရဲရင့်မှုမျိုးရှိရဲ့လား ဒီနေရာနေလာတာအမြဲအားငယ်နေရသလိုပဲ သူနဲ့တွေ့မှပဲကိုယ့်ကိုကိုယ်သတိထားမိတော့တယ် သူကတစ်ကယ်သူငယ်ချင်းကောင်းတစ်ယောက်ဖစ်နိုင်တယ်ဆိုတာသေချာနေပါပီ

ဒီနေ့အိမ်အပြန်လမ်းကတော့သိပ်ပျင်းစရာမကောင်းတော့ဘူး Daveနဲ့စကားတပြောပြောနဲ့ သူUSကနေပြောင်းလာတာမယုံနိုင်စရာပဲ ကိုယ့်နိုင်ငံမှာအေးဆေးကျောင်းတက်နိုင်ရဲ့သားနဲ့ဆိုတော့ သူကဟက်ဟက်ပက်ရယ်တယ် မင်းကရောတဲ့ အင်း..ကျွန်တော်ကတော့သာမန်မိသားစုကလေးတစ်ယောက်..ဒီscholarshipကိုရအောင်အသေအလဲကြိုးစားခဲ့ရကြောင်းတွေ ပြောပြတော့ "မင်းကတော်တော်ကြံ့ခိုင်တာပဲ လူကဖြူနုနုနဲ့တဲ့လေ" ဒီလိုစျေးကြီးတဲ့ကျောင်းကိုကိုယ့်မိဘတွေမှမထားပေးနိုင် ကြိုးစားရတာပေါ့

ကံကောင်းတာကသူနဲ့ကိုယ်တိုက်ခန်းနီးတာပဲ သူကလည်းကိုယ့်ကိုခင်ရှာသား "အပြင်သွားရင်ငါ့ကိုခေါ် ရုပ်ကိုကအနိုင်ကျင့်ခံရမယ့်ရုပ်နဲ့"လို့လဲစနောက်တတ်ပါသေးတယ် တစ်ကယ့်ကိုအကိုတစ်ယောက်လိုပဲ ဒီမှာပျော်နိုင်တော့မယ့်လမ်းစလေးထင်ပါရဲ့

(အကြံပေးခဲ့ကြပါအုံး engလိုရေးတာကပိုပီးယုတ္တိရှိမလားလို့လေစကားပြောခန်းတွေက ဖတ်ရတာအရသာပျက်ရင်လည်းနောက်တစ်ခါမြန်မာလိုပဲအဆင်ပြေအောင်လုပ်လိုက်မယ်လေ ဘယ်ဟာပိုကောင်းမလဲ 😇လက်တန်းချရေးပီးစာစစ်ရတာပျင်းလို့အမှားပါရင်တော့ခွှင့်လွှတ်ကြ အခုကkitလေးပေါ့နော် နောက်နေ့Singလေးလာပါမယ်😍)

ApricityWhere stories live. Discover now