"သတ်"

အဲ့ဒီနောက်မှာတော့ စံအိမ်အသေးလေးထဲမှာတိုက်ပွဲကခနချင်းဖြစ်ပွားလာတော့တယ်

ဝတ်စုံနက်ကဆယ်ယောက်ရှိပြီး နာလန်းချူးကတော့ တယောက်ထဲ

လီဖေးဟုန်က ထိုင်ခုံပေါ်မှာသက်တောင့်သက်သာထိုင်နေပြီး ရေနွေးကြမ်းသောက်ကာ ပွဲကြည့်နေတယ် သူမျက်နှာကဖတ်မရအောင်ထူးဆန်းနေပြီး အေးစက်မူ့တွေသာ

ဝတ်စုံနက်များက လီဖေးဟုန်ကိုကာကွယ်ဖို့နဲ့ လီဖေးဟုန်ရဲ့အမိန့်နာခံဖို့ ဂိုဏ်းကပေးထားတဲ့ကျောထောက်နောက်ခံဖြစ်တယ်

ဒါကြောင့်လီဖေးဟုန်က လက်တချက်တောင်မလှုပ်ပဲလူသတ်ချင်တယ်ဆိုရင်အလွယ်လေး ဒါပေမဲ့ ရှောင်လျန်းအာရဲ့ကိစ္စတွေကိုတော့သူကိုယ်တိုင်လုပ်လေ့ရှိတယ်

လီဖေးဟုန်က နာလန်းချူးဘယ်လိုတိုက်ခိုက်နေရတယ်ဆိုတာကိုစိတ်မဝင်စားဘူး သူကရေနွေးခွက်အနားလေးတွေကိုလက်နဲ့အသာပွတ်သပ်နေရင်းနဲ့ အတိတ်ကိုပြန်တမ်းတနေ‌ေလတယ်

သူမကိုသူစတွေ့ခဲ့တော့
သူမမျက်ဝန်းတွေအရမ်းလှ‌‌ပြီး သူမအသားအရေ‌ေပါ်ကသွေးကြောလေးတွေကြောင့်သတိပြုမိခဲ့တာဖြစ်တယ်

အလင်းအမှောင်ဂိုဏ်းထဲကအလှဆုံးတွေထဲကတယောက်ဖြစ်တဲ့သူမဟာ သူနဲ့ကစားဖော် သူနဲ့ပညာသင်ဖော် သူနဲ့တိုင်ပင်ဖော် သူရဲ့အချစ်ဦးဖြစ်လာခဲ့တယ်

ဂိုဏ်းကထွက်ရပြီးနန်းမြို့တော်ကိုသူပြန်သွားခဲ့ရတာတောင်မှသူမကိုတရက်မှမမေ့ခဲ့ပါဘူး

သူနေ့တိုင်းသတိရပြီး နေ့တိုင်းလွမ်းဆွတ်ခဲ့လို့ သူမကိုအနီးအနားခေါ်ထားချင်ခဲ့မိတယ်

ဒါကြောင့် သူကျင့်ကြံခြင်းလောက ကထွက်ပြီးဘုရင်လုပ်ခဲ့မယ်ဆိုရင်သူမကသူ့မိဘုရားဖြစ်လာပေးနိုင်မလားလို့သူမေးခဲ့တယ် ဒါပေမဲ့ သူမ သူမက‌တုန့်ဆိုင်းခြင်းတောင်မရှိပဲငြင်းရက်ခဲ့တယ်လေ ဘယ်လောက်တောင်ရက်စက်လိုက်လဲ ဒါကြောင့်သူမကိုအရယူဖို့ဘုရင်ဖြစ်နိုင်တဲ့အခွင့်အရေးကိုလက်လွတ်ပြီး ဆေဘာကျားဖြူဂိုဏ်းခဲဝင်ခဲ့တာ

(Complete)လျို့ဝှက်သောကြင်ယာတော် (Secret Wife) Normal. Oc..Zgi & UniWhere stories live. Discover now