68.သေလူ

2.2K 134 0
                                    

လျို့ဝှက်သောကြင်ယာတော်

အပိုင်း(68)သေလူ

"သခင်လေးတဲ့လား ငါကိုယ်တော်ကိုသခင်လေးလို့ခေါ်ဝံ့တယ်တဲ့လား ငါကိုယ်တော်က အရင်မင်းကြီးရဲ့ညီကွ လီရှိုးယာနဲ့လီယူရီတို့ရဲ့ဦးရီးတော်ပဲ
နာလန်းအမတ်ချုပ်ကြီးက ကိုယ့်နေရာကိုမသိပဲ ကိုယ်တော်ကိုလာရှုပ်ဝံ့တယ်လား လာကြစမ်း ဒီနေရာမသိတဲ့ခွေးကိုကြိမ်ဒဏ်အချက်နှစ်ရာပေးလိုက်ကြ"

လီဖေးဟုန်က သူ့ဖက်ကိုမလာလို့ နာလန်းချူးကိုအမြစ်ဖြုတ်လိုက်တော့မယ်ဆိုတာ ပြောနေစရာတောင်မလိုပါဘူး ဘေးနားမှာခွေးတကောင်ရှိနေမယ်ဆိုရင်တောင် ဒီအဖြစ်အပျက်ကိုနားလည်နိုင်မှာပါ

လီဖေးဟုန်ရဲ့အခန်းထဲကို အနက်ဝတ်ထားတဲ့လူ‌ေတွအများကြီး လှစ်ခနဲ လှစ်ခနဲရောက်လာပါတယ် လီဖေးဟုန်ကဘယ်သူလဲ လီဖေးဟုန်က လက်ရှိဘုရင်ရဲ့ဦးရီးတော်ဖြစ်သလို နန်းမြိူ့တော်မှာအာဏာအရှိဆုံးဖြစ်တဲ့လီယူရီရဲ့ဦးရီးတော်လည်းဖြစ်ပါတယ်

အဲ့ဒါပြီးပြီလားဆိုတော့မပြီးသေးပါဘူး
သူက ဆေဘာကျားဖြူဂိုဏ်းရဲ့ဆက်ခံသူတယောက်ဖြစ်‌ေနသေးတယ်လေ လွန်ခဲ့တဲ့ဆယ်နှစ်လောက်တုန်းက လ‌ီဖေးဟုန်ဟာ ဘုရင်ဖြစ်နိုင်ချေရှိရက်သားနဲ့ လက်လွတ်ပြီးတော့တောင် ဆေဘာကျားဖြူဂိုဏ်းထဲဝင်လာခဲ့တာပါ

ဒါကြောင့်မေးစရာမလိုအောင်လို့ လီဖေးဟုန်သာ တယောက်ယောက်ကိုသေစေချင်ပြီဆိုရင် ချွင်းချက်မရှိသေကိုသေရတော့မှာပါ

နာလန်းချူးကလဲကြီးမားတဲ့ပုံရိပ်ရှိနေပေမဲ့ လီဖေးဟုန်နဲ့ယှဉ်ရင်ကျိန်းသေပေါက်ဘီလူးရှေ့ကဖားပဲပေါ့

ဝတ်စုံနက်တွေဆင်မြန်းထားတဲ့လူ‌ေတွကနာလန်းချူးကိုသေလူပဲဆိုတဲ့ပုံစံနဲ့ကြည့်လိုက်ကြပါတယ်

"မင်းသိပ်အတင့်ရဲမလာနဲ့နော် ဆက်ပြီးစော်ကားနေဦးမယ်ဆိုရင် ငါ နာလန်းချူးကလဲသည်းခံနေဦးမယ်လို့မထင်နဲ့ "

လီဖေးဟုန်က ခပ်လှောင်လှောင်ပြုံးလိုက်ကာ နာလန်းချူးကိုကြည့်လိုက်တယ် သူ့အကြည့်မှာလူသားချင်းစာနာစိတ်လုံးဝကိုပါမနေဘူး လီဖေးဟုန်က ခပ်လှောင်လှောင်အကြည့်ကိုရုတ်သိမ်းလိုက်ပြီး သူ့မျက်နှာကခနချင်းကြောက်စရာကောင်းလောက်အောင်အေးစက်သွားကာ ဝတ်စုံနက်များကိုအမိန့်ပေးလိုက်တယ်

(Complete)လျို့ဝှက်သောကြင်ယာတော် (Secret Wife) Normal. Oc..Zgi & UniUnde poveștirile trăiesc. Descoperă acum