ပိုက်ဆံအိတ်သို့ လက်လှမ်းယူတော့
တစ်ပြိုင်နက်တည်း တားလာကြသည်က
မပေးဖို့ပင်။

"အစ်ကိုလေးမပေးပါနဲ့ မိနွယ်တို့မှာရှိပါတယ်"

"ကျွန်တော်တို့နဲ့ လိုက်နေပါ့လား အစ်ကိုလေး
ရယ်။ဟို တစ်မျိုးမထင်ပါနဲ့နော် အစ်ကိုလေး
အတွက် စိတ်ပူလို့ပါ"

ကိုကို ပြုံးမိလိုက်တာ မှန်သည်။
အရင်လောက်တော့ ကိုကို့အပြုံးတွေဟာ
တောက်ပနေခြင်း မရှိတော့သလို၊တက်ကြွခြင်း
တို့လည်း ရှိမနေခဲ့။

"အစ်ကိုက ပြန်ပြီးကျေးဇူးတင်ရမှာပါ။
ကဲကဲ ညနေမရောက်ခင်သွားကြတော့လေ။
အစ်ကိုအဆင်ပြေတာမို့လို့ စိတ်မပူကြနဲ့နော်"

အဆင်မပြေတာကို ပြေသလိုပြောနေသည့်
အစ်ကိုလေးကြောင့် မိနွယ်တို့အကုန်လုံး
မျက်ရည်ပင်ဝဲရသည်။

"အစ်ကိုလေး ကျန်းမာရေးဂရုစိုက်ပါနော်။ညဘက်စာလုပ်ရင် ကော်ဖီတွေကိုအများကြီး
တော့မသောက်နဲ့နော်။အစားကိုပုံမှန်စား၊
အိပ်ရေးလည်းဝဝအိပ်နော်၊စာလုပ်တာတော့
ဟုတ်ပေမဲ့ ကျန်းမာရေးမထိခိုက်အောင်တော့
နေပါနော်"

စိတ်မချစွာမှာနေတဲ့မိနွယ်တို့ကြောင့် ကိုကို
ဝမ်းသာပီတိဖြစ်မှုတို့ကြောင့် ခပ်ယဲ့ယဲ့ပြုံးမိပြန်
သည်။

"စိတ်ချပါ။အစ်ကိုကျန်းမာရေးဂရုစိုက်ပါ့မယ်"

"ဒါဆို သွားတော့မယ်နော်"

ကိုကိုပြုံး၍သာ ခေါင်းညိတ်ပြဖြစ်သည်။
အိမ်အပေါက်ဝထိတော့ လိုက်မပို့ခဲ့။
ကျန်ရစ်ခဲ့ရသည့်ခံစားချက်ကို  ကိုကိုမခံစား
နိုင်ပါ။ပစ္စည်းတွေကိုလည်း အကုန်လုံးသိမ်းပေးထားခဲ့ကြသည်မို့ ကိုကို ဘာမှလုပ်စရာတော့မလို။
ဘေးတွင်လည်း ပိုင်ဆိုင်သည့်စာအုပ်တွေရယ်၊အဝတ်စားထည့်ထားသည့် အိတ်ရယ်သာရှိသည်။
နံရံသို့ ခေါင်းမှီကာ အိမ်ကိုသေချာလိုက်ကြည့်နေ
မိသည်။

နောက်ဆုံးပဲ ဒီတစ်ခါအိမ်အပြင်ကိုထွက်
သွားလိုက်ပြီးတာနဲ့ ဘယ်တော့မှပြန်ဝင်ခွင့်
မရတော့မဲ့နေရာ။အမှတ်တရ၊ပျော်ရွှင်မှု၊
နွေးထွေးမှုတွေနဲ့ပြည့်နှက်နေခဲ့တဲ့ဒီအိမ်က
အခုတော့တိတ်ဆိတ်ခြောက်ကပ်နေလျက်သာ။
မျက်ရည်တို့ ဝဲတက်လာလည်း မျက်တောင်
တို့ကို ပုတ်ခတ်မိသည်။မငိုမိအောင်မျက်လုံး
တို့ကိုမှိတ်ချထားမိချေပြီ။

ချစ်ရပါသောမောင် (ချစ်ရပါသောမောင် ){Completed}Where stories live. Discover now