အပိုင်း - ၃၀ (Zawgyi + Unicode)

Zacznij od początku
                                    

" မင်းတို့က ကြာလိုက်တာ ၊ တကတည်းမှပဲ ၊ ဒီမှာ နိုင်နိုင်က ဗိုက်ဆာတော့မယ် "

" ငါ မဆာသေးပါဘူး ၊ မင်းကလဲ...ကလေးတွေကို လျှောက်ပြောနေပြန်ပြီ "

" Sorry Sorry....နိုင်နိုင် ထမင်းစားစောင့်နေမယ်မှန်း မသိလို့ ချမ်းတို့နောက်ကျသွားတာပါ ၊ နိုင်နိုင်စောင့်နေမယ်မှန်းသိရင် ချမ်း မြန်မြန်ပြန်လာမှာပေါ့ "

အမောင်ချမ်းရဲ့ တီတီတာတာ ချွဲနွဲ့မှုကြီးအောက်မှာ နိုင်နိုင်တစ်ယောက်ကတော့ အရည်ပျော်နေပုံရသည် ။

" နိုင်နိုင်က မဆာသေးပါဘူး ချမ်းရဲ့ "

" ကဲ မဆာသေးတဲ့သူတွေ နေကြကွာ ၊ ငါကတော့ ဆာပြီ ၊ စားမယ် "

ကိုနောင့်ရဲ့မှုန်ကုပ်ကုပ်ပြောဆိုမှုနောက်မှာ ထမင်းဝိုင်းကလည်း ဖြစ်မြောက်သွားခဲ့ပါသည် ။ ထမင်းပူပူ ဟင်းပူပူတို့ကို ဆာဆာနဲ့စားရသည်မှာ တကယ်ပဲ ခံတွင်းမြိန်လှ၏ ။

ဆတ်သားခြောက်ကို ခရမ်းချဉ်သီးနဲ့ဆီပြန်ချက်ထားသောဟင်းကို ချမ်းကတော်တော်လေး အရသာတွေ့နေပုံရသည် ။ ပြီးတော့ မုန်ညင်းကြော်လတ်လတ်ဆတ်ဆတ်ကလည်း အသီးအရွက်သရဲ ချမ်းအဖို့ အကြိုက်တွေ့စရာပေါ့ ။

နိုင်နိုင်ကလည်း ချမ်းပန်းကန်ထဲကို ကောင်းနိုးရာရာလေးတွေ ရွေးထည့်ပေးလိုက် ၊ ချမ်း ပလုပ်ပလောင်းစားနေတာကိုကြည့်ရင်း ပြုံးလိုက်နဲ့ မသိရင် ဤထမင်းဝိုင်းထဲမှာ ထူးနှင့်ကိုနောင်က လူပိုကြီးနှစ်ယောက်လိုပင် ဖြစ်နေရသည်အထိ ထိုနှစ်ဦးသားက တော်တော်အလွမ်းသင့်နေကြသည် ။

ထမင်းစားပြီးတော့လည်း ကိုနောင့်ဝန်ထမ်းတွေက အချိုတည်းရန်သဘောမျိုးဖြင့် လက်ဖက်သုပ်နဲ့ ဆတ်သားခြောက်ဖုတ်ဆီဆမ်း ကို ရေနွေးကြမ်းကျကျနှင့် တွဲကာ လာပြင်ပေးသွားပြန်သည် ။

အနှီကောင်ချမ်းကလည်း လက်မရွံ့စတမ်း အားပေးပြန်ပါ၏ ။ အရင်က အစားနည်းလို့ ဆူငေါက်ပြီးကျွေးခဲ့ရတဲ့ကောင်လေးမှ ဟုတ်ပါလေစဟု ထင်ရလောက်အောင်ကို ဒီရောက်ပြီးမှ ဒင်းလေးက အစားတွေပုတ်နေလိုက်တာဆိုတာ ။

" ဟာ မေ့ကို V call ခေါ်ရမယ် "

ပြောလည်းပြော လက်ကလည်း ဖုန်းမျက်နှာပြင်ပေါ်ကို တတောက်တောက်နှိပ်နေပါသော ချမ်း ။

အသကျဆကျ သှေး ( အသက်ဆက် သွေး )Completed Opowieści tętniące życiem. Odkryj je teraz