အပိုင်း - ၃၀ (Zawgyi + Unicode)

Start from the beginning
                                    

" ညစ် ပါ ဘူး "

ချမ်းရဲ့ ညစ်ပါဘူး ဆိုတဲ့စကားကို တစ်လုံးချင်းခွဲပြီး ခပ်ခြားခြားဖြစ်အောင် ပြောပုံက ဘယ်လိုလေးမှန်းကိုမသိ ။ ခေါင်းလေးပါစောင်းရင်း ပြောတဲ့ထိုပုံစံလေးက ထူးအမြင်မှာ တကယ်ပဲ ချစ်စရာကောင်းနေလေသည် ။

ထိုချစ်စရာကောင်လေးက ရေတံခွန်ရှိရာကို လှမ်းငေးရင်း ထူးကိုပြောလာသည်က

ရေတံခွန်ကြီးက အရမ်းလှတာပဲနော် ဦးသာ တဲ့ ။

ရေတံခွန်ကြီးက လှတယ် ။ ဒါပေမယ့် ရေတံခွန်က ရေမှုန်ရေမွှားလေးတွေ ခိုသီးနေတဲ့ မင်းမျက်နှာဖြူကြည်ကြည်လေးက ပိုလှတယ် ဆိုတဲ့စကားတစ်ခွန်းကတော့ ထူးရင်ထဲမှာ တိတ်တဆိတ်သာ ။

********

ရေတံခွန်က ပြန်တဲ့လမ်းမှာလည်း အလာတုန်းကလိုပဲ ဦးသာက ချမ်းရဲ့လက်တစ်ဖက်ကို ဆွဲကိုင်လျက် ။

ချမ်းရဲ့ နှလုံးခုန်သံတွေကလည်း ရိုးရာမပျက် တဒိတ်ဒိတ်အခုန်မြန်လျက် ။

ဒီတစ်ခါတော့ ပုံမှန်မဟုတ်တဲ့ ထိုနှလုံးခုန်သံတွေရဲ့ အကြောင်းအရင်း ဇစ်မြစ်ကို ချမ်း သတိထားမိပြီ ။ ဦးသာနဲ့နီးကပ်စွာ ထိစပ်သွားတော့မှသာ ချမ်းရဲ့ နှလုံးခုန်သံတွေမြန်လာတာ ။ ဟုတ်တယ် ။ အဲ့ဒါ အဖြေပါပဲ ။

ချမ်းလက်ကိုဆွဲရင်း ခပ်သွက်သွက်လျှောက်လှမ်းနေသည့်သူကို မော့ငေးရင်း တွေးမိသည်က

ဦးသာကို ကြောက်တဲ့စိတ်ကြောင့်များ ဒီလိုတွေဖြစ်နေတာလား ဟူ၍ ။ ဒါပေမယ့်လည်း ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေက မနှစ်မြို့စရာဖြစ်မနေဘဲ တစ်မျိုးလေးခံစားလို့ကောင်းနေသလိုပင် ။

ချမ်းဆိုသည်က ဘယ်တုန်းကမှ လေးလေးနက်နက်ခံစားတာတို့ ၊ တွေးတောတာတို့ကို မလုပ်ခဲ့ဖူးသည်ဖြစ်၍ အခုအခြေအနေကိုလည်း ဘာကြောင့်ရယ်လို့ ရေရေရာရာ မသုံးသပ်တတ်  ၊ အဖြေမရှာတတ်ပေ ။

ချမ်းစိတ်ထဲ သေသေချာချာ သိတာတစ်ခုပဲရှိသည် ။ အဲ့ဒါက ဒီအခြေအနေမှာ သူပျော်နေသည် ။ ဒါပါပဲ ။

*********

ထူးတို့ ခြံထဲကိုပြန်ရောက်တော့ အချိန်က နေ့လည် ၁၂ နာရီပင် ကျော်နေလေပြီ ။ ထမင်းဝိုင်းပြင်ကာ စောင့်နေရသော ကိုနောင်ကတော့ စူပွပွ ။

အသကျဆကျ သှေး ( အသက်ဆက် သွေး )Completed Where stories live. Discover now