Yibo ရုတ်တရတ်လှုပ်ရှားကာ ရှေ့ကလူကို ချုပ်ပြီး
လက်နဲ့ပါးစပ်ကိုအုပ်ပြီးပိတ်လိုက်သည်။ လည်ပင်းကိုလည်း သူ့ဓားနဲ့ပင် ပြန်ထောက်ထားလိုက်သည်။" မင်းသား Zhan.. မင်းသား...အိပ်နေပြီလားခင်ဗျာ "
အပြင်ကလူတွေက စကားပြန်မရမချင်းမေးနေသည်။
အခန်းထဲမှာကတော့ ရုန်းရင်းဆန်ခတ်နှင့်။ ကြာရင်
အသံမထွက်အောင် ထိန်းထားနိုင်ဖို့မလွယ်လောက်
တော့။ Yibo နည်းလမ်းပြောင်းပြီး ခပ်တိုးတိုးတောင်းပန်ကြည့်သည်။" ကူညီပါ ကူညီပါနော် ငါသေရမှာမကြောက်ပါဘူး
ဟို မင်းသား၂ ဆိုတဲ့ သေချင်းဆိုး လက်ထဲတော့
အရောက်မခံချင်လို့ပါ "" ....... "
" လုပ်ပါကွာ တကယ်ပါ ငါဘာအပြစ်မှမရှိဘဲအဖမ်းခံရတာပါ မင်းသား၂ ဆိုတဲ့လူက ညစ်ပတ်ယုတ်မာဖို့ ကြံစည်လို့ မရမကတိုက်ခိုက်ပြီး ပြေးမိပြေးရာပြေးရင်း ဒီရောက်လာတာပါ လုပ်ပါ ကူညီပါ
ငါ့အမေ စောင့်နေမှာမို့ ငါသေလို့လည်း
မဖြစ်သေးလို့ပါ "အတင်းရုန်းကန်နေတဲ့ ထိုလူက ငြိမ်ကျသွားသည်။
ခဏကြာတော့ ခေါင်းညိတ်ပြ၍ ပါးစပ်ကိုလွှတ်ပေး
လိုက်သည်။" အင်း....ကျွန်တော်အိပ်နေပြီ...မဆူကြနဲ့တော့ "
" ဟုတ်ကဲ့...အဲ့ဒါဆိုတံခါးပိတ်ခဲ့ပါပြီ "
အပြင်ကအသံတွေငြိမ်သွားတော့ မင်းသား Zhan
က Yibo ကိုလှည့်ကြည့်လိုက်ပြီး..." မင်းက ဘယ်သူလဲ "
" ငါက..အဲ..ကျွန်တော်က Yibo ပါ
မြို့ထဲကို ဆေးမြစ်လာရောင်းရင်းနဲ့ အဖမ်းခံလာရပြီး
မင်းသား၂ ဆိုတဲ့လူက မတော်တရော်ပြုဖို့ကြံလို့
ထွက်ပြေးလာတာ...အသက်ကယ်ပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ် မင်းသား "" ရပါတယ် "
" အားနာပေမယ့် ဟိုလေ..ကူညီလက်စနဲ့
မင်းသားအမိန့်နဲ့ ကျွန်တော့်ကိုလွှတ်ခိုင်းပေးပါလား
ကျွန်တော်တကယ် လူကောင်းတစ်ယောက်ပါ "