(4)

552 102 13
                                    

ကျွိ....ကျွိ.....ကျွိ....ကျွိ....

မနက်​ကမှ လှည်း​ပေါ်ကဆင်းရတဲ့ Yibo
လှည်း​ပေါ်တစ်​ခါ​ရောက်​​နေရပြန်​ပြီ။ ဒီတစ်​ခါ​တော့
အ​ခြေအ​နေတစ်​မျိုးနဲ့။ ​ ​မှောင်​​မှောင်​မည်းမည်း
လှည်းတစ်​စီးထဲမှာ သူ့လိုပဲ အဖမ်းခံလာရတဲ့တဲ့
မိန်းမငယ်​​လေး​တွေနဲ့အတူ။

ပတ်​ဝန်းကျင်​မှာလည်း လှည်းသွား​နေတဲ့အသံ၊
မြင်းခွာသံ၊ ​ဘေး၂ ဘက်​က ရဲမက်​​တွေရဲ့ သံချပ်​ဝတ်​တချွင်​ချွင်​နဲ့ လမ်း​လျှောက်​သံကလွဲပြီး တခြားအသံ
မကြားရ​။ တူတူအဖမ်းခံလာရတဲ့မိန်းက​လေး​တွေက ငို​နေတာတအီအီ။

Yibo က သတိလက်​လွတ်​မ​နေ။ တံခါးကြား​လေး
ထဲက​နေ အပြင်​ကိုတစ်​လမ်းလုံး​ချောင်းကြည့်​ပြီး လမ်းမှတ်​လာသည်​။  သူများနယ်​​မြေမှာ လက်​နက်
တွေနဲ့ တပ်​ဖွဲ့မို့ ဘာမှမတတ်​နိုင်​ဘဲ အဖမ်းခံလိုက်​ရတာ။ အခွင့်​အ​ရေးရတာနဲ့ တစ်​ခုခုကြံမယ်​။

" မြန်​မြန်​လာကြစမ်း "

ရှေ့ဆုံးက​နေသွား​နေတဲ့ မင်းသား၂ က မြင်း​ပေါ်က​နေ သူ့တပ်​သား​တွေကို လှည့်​ပြီး အမိန့်​​ပေးသည်​။
အသံကဆိုးသလို ရုပ်​ကလည်း ကျက်​သ​ရေမရှိ။
ဝတ်​ထားတဲ့ ပိုးဖဲကတ္တီပါ​တွေနဲ့မှမလိုက်​ ကြမ်း​ထော်​လွန်းတဲ့ ​လေး​ထောင့်​စပ်​စပ်​မျက်​နှာပြားကြီးမှာ
မျက်​လုံး​မှေး​မှေး၊ နှာ​ခေါင်းကြီးကြီးနဲ့။

" တံခါးဖွင့်​ကြ "
နန်း​တော်​ကိုေ​ရာက်​ပြီထင်​တယ်​။

ကျွီ.....အီ.....အီ....ဂျိမ်း....ဂျိမ်း

Yibo က​တော့ တံခါးကြား​လေးက​နေ မျက်​​တောင်
မခတ်​တမ်း ​ကြည့်​​နေမိသည်​။ ကြီးမားလွန်းသည့်
သံမဏိတံခါးကြီးက တခြားတံခါး​တွေနဲ့မတူ။ တွန်း
ဖွင့်​ရတာမျိုးမဟုတ်​ဘဲ အ​ပေါ်ဘက်​ကိုတဖြည်းဖြည်း
မတင်​ပြီး ဖွင့်​တာမျိုး။ စက်​ခလုတ်​တစ်​ခုခု​တော့
ရှိရမည်​။

" လှည်းထဲက ဆင်းကြစမ်း "

တံခါးကြီးပြန်​ပိတ်ပြီး အထဲ​ရောက်​တာနဲ့ လှည်းထဲက​နေ ထွက်​ခိုင်းပြီး လမ်းဆင်း​လျှောက်​ခိုင်းသည်​။
လမ်းက ​ကျောက်​ပြားခပ်​ကြီးကြီး​တွေခင်းထားပြီး
သိပ်​မကြီးတဲ့သစ်​ပင်​တစ်​ချို့လည်းရှိသည်​။

Sky CastleМесто, где живут истории. Откройте их для себя