Chapter 2

4.1K 683 24
                                    

<Zawgyi>

မုချန် သဘောတူသည် ကို မြင်လိုက်ရသောအခါ ဂုယွန်းကျွယ် သည် အလွန်ပျော်ရွှင်သွားဟန် ရပြီး မုချန် ၏ လည်ပင်းကို သူ၏ လက်ကလေးများနှင့် ဖက်လိုက်လေသည်။ ထို့နောက် အဝေးရှိ တိမ်မဲများ ရစ်ဆိုင်းနေသည့် တောင်ထိပ်ကို ညွှန်ပြကာ " ဆရာ၊ ဟောဒီက တပည့်က စစ်ဆေးပွဲမှာ ဝင်ပြိုင်ဖို့မလိုဘူးလား။ ဟို အကိုကြီးတွေ ပြောတာတော့ အဲ့ဒီတောင်ကို တက်နိုင်မှ မသေမျိုးဖြစ်လာမှာတဲ့။ "

အခြားသူများနှင့် တစ်ခါမျှ ထိုသို့ နီးနီးကပ်ကပ် မနေဖူးသော မုချန် မှာမူ ဂုယွန်းကျွယ် ၏ လုပ်ရပ်ကြောင့် အနည်းငယ် စိတ်ရှုပ်ထွေးသွားကာ သူ၏ ကို့ယို့ကားယားဖြစ်သွားသည့် မျက်နှာကို မမြင်နိုင်စေရန် တစ်ဖက်သို့ လှည့်လိုက်လေသည်။ ထို့နောက်တွင် မိမိကိုယ်ကို ယုံကြည်ဟန် အပြည့်နှင့် " ဒီ ဆရာရဲ့ တပည့်က ရွှံ့ထဲက မျောက်တွေလိုမျိုး တောင်ကို ကြိုးစားပမ်းစား တက်နေစရာ လိုလို့လား။ " ဟု ပြန်ဖြေလာသည်။

သူ့လက်မောင်းများကြားရှိ သက်ရှိလေးမှာ အလွန့်ကို သေးငယ်ကာ ခန္ဓာကိုယ်မှာလည်း အသားဟူ၍ သိပ်မရှိဘဲ ပိန်ပါးလှသည်။ ထို့ကြောင့် လက်ရှိ အရေးကြီးသည့် ကိစ္စမှာ ဤကလေးကို ကောင်းကောင်းမွန်မွန် ကျွေးမွေးပျိုးထောင်ရန် ဟုသာ တွေးထားလိုက်လေသည်။

ထို ဥပမာကြောင့် ဂုယွန်းကျွယ် ထံမှ တခစ်ခစ် ရယ်သံလေးများပင် ထွက်လာပေသည်။ သူသည် မျက်လုံးများကို အနည်းငယ် မှေးလိုက်ကာ သူနှင့် နီးကပ်စွာတည်ရှိနေသည့် မုချန် ၏ မျက်နှာကို ငေးရင်း အားမရတော့သည့်အလား လက်တစ်ချောင်းကို ဆန့်ထုတ်လိုက်ပြီး အသာအယာ ထိကြည့်မိလိုက်သည်။ သူ့ဆရာ၏ အသားအရေမှာ ဖြူဆွတ်နေသည်မှာ ထွင်းဖောက်၍ မြင်ရတော့မတတ်ပေ။ ယခုအချိန်တွင် သူ့ဆရာ၏ ကိုယ်တွင်း၌ ယန်ကိုးမျိုး ငရဲမီးတောက် ရှိနေပြီလား? ပြီးတော့ ဒီမီးတောက်ရဲ့ ဒဏ်ကိုကော ခံစားနေရပြီလား? လက်ရှိတွင်မူ သူ့ဆရာ၏ ခန္ဓာကိုယ်ထဲတွင် သူ့ကို ဆွဲဆောင်နိုင်သည့် စွမ်းအား တစ်ခုရှိနေလေသည်။ ထိုစွမ်းအားလေးကို ခံစားရသည်မှာ ……သူ့ဆရာ၏ ရင်ဘတ်နားလေးတင်ပေ။

The daily life of preventing my disciple from turning to the dark side (mm tran)Where stories live. Discover now