Part (1)

26.7K 1.7K 74
                                    

Unicode

ချစ်ရသူ၏ လက်မောင်းရင်းမှ တစ်စက်စက်ကျဆင်းလာသော သွေးစက်များမှာ သူ့ရင်ကိုဓားနှင့်မွှန်းသကဲ့သို့ပင်။ ချစ်ရသူမှာ ဒဏ်ရာရနေသော လက်တစ်ဖက်နှင့်ပင် သူ့ကိုမလွှတ်တမ်းဆွဲထားသည်။ သူကတော့ အင်မတန်နက်ရှိုင်းသော အသူတစ်ရာချောက်ကမ်းပါးစွန်းပေါ်၌ တွဲလောင်းခိုလျက်။

ဒီလောကမှာ ငါမရှိမှဖြစ်မယ်။ ငါသွားသင့်ပြီ ငါမင်းကိုတောင်းပန်ပါတယ်။

ချစ်ရသူအတွက် ရင်တွင်းစကားကိုဆိုလျက် သူနာနာကျင်ကျင်တစ်ချက်ပြုံးလိုက်သည်။ထို့နောက်......

"ဝေ့ရင်း!!........"

ချစ်ရသူ၏ သူ့နာမည်အော်ခေါ်သံကိုကြားလိုက်ရသည်။သူကတော့ပျက်စီးခြင်းသို့ ဦးတည်လျက်.....

"အဟင့်...ရွှတ်...ရွှတ်"

ကျင်းလင်တစ်ယောက် ရုံးခန်းထဲမှာ တရှုံ့ရှုံ့နှင့် ငိုနေသော ဆရာဖြစ်သူ ရှောင်းကျန့် အား တစ်ချက်ကြည့်လိုက်သည်။ ရုံးခန်းထဲမှာလဲ တစ်ရှူးတွေ ဟိုတစ်စ ဒီတစ်စ။ လက်ထဲမှာ အာလူးကြော်ထုတ်တွေကိုင်ထားသေးသည်။ လူကသာမျက်ရည်ကျနေတာ အာလူးကြော်က အစားမပျက်။ ဘေးကဖိုင်တွဲ အထပ်လိုက်ကြီးကို အဖတ်ပင်မလုပ်ဘဲ ဇာတ်ကားထိုင်ကြည့်နေသည်။

"ဆရာ..​ဆရာ...ဆရာ!!!..."

"ဟာလန့်လိုက်တာကျင်းလင်ရာ"

"ဆရာတော့ ဇာတ်ကားကြည့်နေနိုင်တယ်နော်"

"ဘာဖြစ်လဲ ကြည့်တော့..."

"ဆရာ ဒီနေ့ကျွန်တော်တို့ဆီကို အဖွဲ့ခေါင်းဆောင်အသစ်လာမှာသိပြီးပြီလား။"

"သိသားပဲ"

"သူ့အကြောင်းကြားပြီးပြီလား အရမ်းနာမည်ကြီးတာနော်ဆရာ သူလိုက်တဲ့အမှုတိုင်း တရားခံမမိတာမရှိဘူးတဲ့။ ရဲမှူးကြီးတွေကတောင် ချီးကျုးတာ အသက်ကလဲငယ်ငယ်လေးရှိသေးတယ်။"

"အဲတာငါနဲ့ဆိုင်လားကွာ။"

"သူက ဌာနမှူး ဝမ်ဟိုက်ခွမ်းရဲ့ညီနော်။"

"သူ့ဘာသာဘယ်သူဖြစ်ဖြစ်ကွာ။ ငါစိတ်မဝင်စားဘူး။ ပြီးတော့အဲ့လောက်ထိ တော်နေတတ်နေရင် ​Beijing မှာပဲနေပါ့လား ဘာလို့ ငါတို့မြို့ ကိုပြောင်းလာရတာလဲ။"

My Dear Enemy (Season1 Completed)Where stories live. Discover now