🍃Part-2🍃

4.1K 388 8
                                    

Zawgyi


°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

ခါတိုင်းလိုစက်ဘီးလေးစီးရင်း
ကျောင်းဝင်းထဲကို ဝင်လာတဲ့ကောင်လေး
တစ်ယောက်..။

သူ့မျက်နှာမှာအပြုံးအရီမရှိသလို..
ခပ်တည်တည်နှင့်အေးစက်သော
မျက်နှာထားမျိုးလဲမဟုတ်ခဲ့..။
တစ်စုံတစ်ခုကိုပဲကြောက်ရွံ့နေခဲ့သလို..စိတ်မလုံမလဲဖြစ်နေသယောင်...။

သူလမ်းလျှောက်နေရင်းမှ...
တစ်စုံတစ်ခုကိုမြင်လိုက်ရတာကြောင့်..ခြေအစုံဟာ
ရပ်တန့်သွားလေသည်...။

ဟုတ်တာပေါ့...။အမြဲတမ်းသူ့ကိုကြောက်လန့်ပြီး
စိတ်ဒဏ်ရာရအောင် အမျိုးမျိုးဖိအားပေးအနိုင်ကျင့်
နေကြတဲ့...Mu seok တို့အဖွဲ့...။

ရှေ့မဆက်နိုင်တော့တဲ့ခြေအစုံဟာ...
ဆက်လဲမတိုးနိုင်သလို..နောက်ဆုတ်ဖို့လဲမရဲတာမို့
ရပ်မြဲတိုင်းရပ်နေမိသည်..။ နဖူးထက်ကဆံပင်အုပ်အုပ်လေးအောက်ဝယ်..
တွဲခိုလာလေတဲ့...ချွေးစတစ်ချို့...။

"အိုး...ဟိုး...ဘယ်သူပါလဲလို့..
ကိုယ့်ဘေဘီလေးပဲ.."

Museok အသံကြားတာနဲ့
စကားတစ်စုံတစ်ရာမဆိုရဲတဲ့..
ကောင်လေးခမျာ...ပို၍ကြောက်ရွံ့လာတယ်။
ထိုအချိန်မှာတင်ပဲနောက်ထပ်ကြားလိုက်ရတဲ့..
အသံတစ်သံ...။

"Tae ဒီမှာဘာလုပ်နေတာလဲ.."

ထိုအသံကြားတာနဲ့စိတ်ထဲ
လုံခြုံသွားသလို...အသံပိုင်ရှင်ရှိရာဆီကြည့်လိုက်မိ
သည်...။

မျော်လင့်ချက်တို့ပြည့်နက်ကာ..
အကူအညီတောင်းခံသည့်မျက်ဝန်းတို့ဖြင့်
မော့ကြည့်လာသည့်...Tae ကြောင့်...Jung kook
တစ်ယောက် Tae ရဲ့အရှေ့ဘက်သို့လျှောက်သွားကာ
Mu seok နှင့်မျက်နှာချင်းဆိုင်လိုက်သည်..။

"Mu seok တို့ပါလား ဘာကိစ္စတွေများရှိလို့..
အုပ်လိုက်ကြီးလဲ...Tae နဲ့သိတာလား.."

Jung kook ကတစ်ဖက်ကိုခနဲ့ပြီး Tae လေးဘက်အနည်းငယ်ခေါင်းလှည့်ရင်း
အမေးရှိတာမို့ Tae လဲခေါင်းခါပြပြီး
ကြောက်ရွံနေပုံပေါ်တာမို့....မနေ့ကအနိုင်ကျင့်တယ်ဆိုသောသူတွေဟာ Mu seok တို့မှန်းအတပ်သိလိုက်သည်...။

သစ်ရွက်များရဲ့တိုက်ခတ်သံ🍁(Z+U)KookV(Completed) Where stories live. Discover now