• Chapter - 4 •

448 47 3
                                        

ဖေဖော်ဝါရီလ ( ၉ ) ရက်,
တနင်္လာနေ့
~ ည ~
ယွန်ဆိုဟီး ▫

" စီနီယာ ပြန်တော့မလို့လား? ကျွန်မတို့နဲ့ညစာ လိုက်မစားဘူးလား? "

ကျောပိုးအိတ်ကောက်လွယ်လိုက်တာနဲ့ အသစ်လေးဆီက စကားသံကထွက်လာသောကြောင့် ကျွန်မလဲ ခေါင်းခါလိုက်မိသည်။

" ဟုတ်သားပဲ အငယ်လေးရ.....ဒီည ညစာစားပွဲရှိတယ်လေ တစ်ခါတစ်လေ လိုက်ဖူးတယ်ရှိအောင် လိုက်ခဲ့ပါလား......။ "

"ကျွန်မ မလိုက်တော့ပါဘူး..... ဒါဆို သွားခွင့်ပြုပါဦး "

အကုန်လုံးက ကျွန်မကိုကြောင်စီစီနဲ့ ကြည့်နေကြတယ်။ ကျွန်မလဲ ရုံးခန်းထဲကနေ အလျှင်အမြန်ထွက်ခဲ့တယ်။ အိမ်ပြန်ရတော့မယ်ဆိုတဲ့စိတ်က နည်းနည်းတော့ စိတ်သက်သာရာ ရတယ်။ စာတိုက်ရုံးရဲ့ တံခါးကို ဖွင့်ပြီး ထွက်လိုက်ကတည်းက လမ်းမပေါ်မှာ လူတွေ ရှုပ်ယှက်ခတ်နေတာကို တွေ့လိုက်ရတယ်။ ညမီးရောင်စုံကြားမှာ ဟိုဒီသွားလာနေကြတဲ့လူတွေကို ခဏရပ်ပြီး ငေးကြည့်နေမိသေးတယ်။

ရုတ်တရက်နောက်ကနေ လက်မောင်းကို ဆွဲကိုင်ခံလိုက်ရလို့ ကျွန်မ လန့်ပြီးတုန်သွားတယ်။

" စီနီယာ ဆိုဟီး.....အဆင်ပြေရဲ့လား?"

" အာ.....ဟုတ်ကဲ့ "

" လန့်သွားအောင် လုပ်မိပြီထင်တယ် စိတ်မရှိပါနဲ့..... "

" မဟုတ်တာ....ရပါတယ် "

အသစ်ကလေးက ကျွန်မ လက်ထဲကို ပစ္စည်းလေးတစ်ခု ထည့်ပေးတယ်။ အချိုရည်ဘူးလေး.....တစ်ဘူး။

" အဲဒါလေး.....သောက်ဖြစ်အောင်သောက်ပေးနော် စီနီယာ ...."

သူမက ကျွန်မကို ပြုံးပြပြီး ကုမ္ပဏီထဲကို ပြန်ဝင်သွားတယ်။ ကျွန်မ လက်ထဲမှာတော့ အချိုရည်ဘူးလေး တစ်ဘူး.....။ မီးရောင်တွေ လူတွေ..... ရပ်ကြည့်နေရင်းနဲ့အရာအားလုံးက ဝေဝါးလာတယ်။ ကျွန်မ သက်ပြင်းတစ်ချက်ချလိုက်တယ်။ တိုးတိုးလေးပါပဲ။ကျွန်မ တစ်ကိုယ်စာ ကြားရုံလောက်လေးရယ်ပါ.....။

အိမ်ပြန်လာတဲ့ လမ်းတစ်လျှောက်လုံးမှာ အတွေးတွေကတောင်စဥ်မရဘူး။ ဝေဝါးစပြုနေတဲ့ အတိတ်တွေထဲ ပြန်ပြန်ခြေချမိနေတဲ့ အတွေးတွေကိုလဲ စိတ်ပျက်မိတယ်။ အရာရာကိုနေသားကျအောင် ကြိုးစားနေနေရတဲ့ အခိုက်အတန့်မှာ အဆင်ပြေလိမ့်မယ်လို့ပဲထင်ခဲ့တာ......။

SHEWhere stories live. Discover now