အပိုင်း - ၂၈ (Zawgyi + Unicode)

Start from the beginning
                                    

" ဟင် အဲ့ဒါတွေကြောင့် စစ်ဘေးရှောင်စခန်းက မိဘမဲ့ကလေးတွေကို ပြုစုပျိုးထောင်ပေးဖို့ လှူခဲ့တာပေါ့ ဟုတ်လား ဦးသာ "

" ဟုတ်တယ် ချမ်း ၊ ဒီလောက်လေး လုပ်ပေးရုံလောက်နဲ့ မကာမိဘူးဆိုတာသိပေမယ့်လည်း နှမ်းတစ်စေ့စာပဲဖြစ်ဖြစ် ကိုယ်နိုင်သလောက် ပြန်ပြီး ဖြည့်ဆည်းပေးချင်တယ် "

ဒီအရွယ်ထိ ကိုယ့်ကိုယ်ကို အပြစ်မကင်းသလို စိတ်ဒဏ်ရာကြီးနဲ့နေလာရတဲ့ ဦးသာရဲ့ခံစားချက်တွေကို ဘယ်သူကများ ပျောက်ကင်းအောင် စွမ်းဆောင်ပေးနိုင်မလဲ ချမ်းသိချင်လှပါသည် ။ တကယ်သာ အဲ့လိုစွမ်းဆောင်ပေးနိုင်သူ ရှိခဲ့မယ်ဆိုရင် ဦးသာရင်ထဲက စိတ်ဒဏ်ရာ အနာတရတွေကို ပျောက်အောင် ဖယ်ထုတ်ရှင်းလင်းပေးဖို့ ချမ်း ဘယ်လိုပဲ တောင်းပန်ရ တောင်းပန်ရ ရအောင်ကို တောင်းဆိုပေးမိတော့မှာ ။

" ပါပါးမဆုံးခင်ကတည်းက နိုင်နိုင်က ပါပါးမရှိတော့တဲ့အခါ ဒီအိမ်တွေ , ပါပါးရဲ့အတွင်းပစ္စည်းပိုင်ဆိုင်မှုတွေအကုန်လုံးကို ငါက လွှဲပြောင်းလက်ခံရမယ် တဲ့ ၊ နိုင်နိုင့်အတွက်ကလည်း ကိုနောင်ရှိနေလို့ ပူစရာမလိုတော့ဘူးဆိုတော့ ဒီပိုင်ဆိုင်မှုတွေအားလုံးကို ထုခွဲရောင်းချပြီး လိုအပ်တဲ့နေရာတွေမှာ ပါပါးနာမည်နဲ့လှူဒါန်းပေးပါလို့ပဲ နိုင်နိုင့်ကို တောင်းဆိုထားလိုက်တယ် ၊ ငါဆုံးဖြတ်တာ ကောင်းတယ်မဟုတ်လားဟင် ချမ်း "

" ကောင်းတာပေါ့...ကောင်းတာပေါ့ ဦးသာရယ် "

ချမ်းကို ဘယ်တုန်းကမှ ကောင်းကောင်းလူရာမသွင်းခဲ့တဲ့ ဦးသာက အခုလို အရေးအရာလုပ်ပြီး တိုင်ပင်သလို ပြောဆိုဆွေးနွေးလာတဲ့အခါမှာတော့ ချမ်းတစ်ယောက် မာန်တွေတက်ကာ ငါဟဲ့ ရယ်လို့ ကြွေးကြော်ပြီး လက်ခမောင်းတွေဘာတွေတောင် ထ,ခတ်ချင်လာမိသည် ။

" အထူးသဖြင့် မူးယစ်ဆေးဝါးကုသရေးဆေးရုံတွေကို အဓိကထားပြီး လှူဒါန်းချင်တယ် "

" အော အဲ့လိုကုပေးတဲ့ဆေးရုံတွေရှိတာလား ဦးသာ "

" အင်း ရှိတာပေါ့ ၊ မူးယစ်ဆေးလွယ်လွယ်ကူကူသုံးစွဲနိုင်တဲ့ ဒေသတွေနဲ့ အနီးအနားက ဆေးရုံတွေမှာဆိုရင် မူးယစ်ကုသရေးဌာနဆိုတာ လူအစည်ဆုံးလို့ ပြောရမလားပဲ ၊ တစ်ချို့သုံးစွဲသူတွေက ဆေးရုံတက်ပြီး မူးယစ်ဆေးဖြတ်ကြတာမျိုးရှိသလို တစ်ချို့တွေကျတော့လည်း အကြောင်းကြောင်းတွေကြောင့် ဆေးရုံတက်ပြီးမဖြတ်ဘဲ ဆေးရုံမှာ နေ့တိုင်း မက်သာဒုန်း ( Methadone ) ဆေးရည်ကို လာထုတ်ပြီး သောက်ကြတယ် "

အသကျဆကျ သှေး ( အသက်ဆက် သွေး )Completed Where stories live. Discover now